တာချီလိတ်မြို့ မိုးကုတ်တရားရိပ်သာတွင် နေရပ်ပြန်နိုင်ရန်အတွက် ယာယီ Quarantine ထားသည့် (၇၀)ကျော်ကို မေလ(၃၀)ရက်နေ့တွင် ဓါတ်ခွဲနမူနာများ ရယူ စစ်ဆေးသွားမည်

တာချီလိတ်မြို့ မိုးကုတ်တရားရိပ်သာတွင် နေရပ်ပြန်နိုင်ရန်အတွက် ယာယီ Quarantine ထားသည့် (၇၀)ကျော်ကို မေလ(၃၀)ရက်နေ့တွင် ဓါတ်ခွဲနမူနာများ ရယူ စစ်ဆေးသွားမည်
မေ 29, 2020
By Tachileik News Agency

တာချီလိတ်မြို့ မိုးကုတ်တရားရိပ်သာတွင် နေရပ်ပြန်နိုင်ရန်အတွက် ယာယီ Quarantine ထားသည့် (၇၀)ကျော်ကို မေလ(၃၀)ရက်နေ့တွင် ဓါတ်ခွဲနမူနာများ ရယူ စစ်ဆေးသွားမည်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်သို့ မေလ(၂၉)ရက်နေ့တွင် ရောက်ရှိလာပြီး နေရပ်ဒေသအသီးသီးသို့ ပြန်မပို့မီ covid-19 ပိုးစစ်ဆေးရန်အတွက် တာချီလိတ်မြို့ မိုးကုတ်တရားရိပ်သာရှိ Facility Quarantine Center ၌ ယာယီစောင့်ရှောက်ပေးထားသည့် (၇၀)ကျော်အား မေလ(၃၀)ရက်နေ့ နံနက်တွင် ဓါတ်ခွဲနမူနာများ ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

မနက်ဖြန် မိုးကုတ်ဝိပဿနာမှာ (၆)နာရီမှာ အကုန်လုံးချိန်းထားတယ်ဗျ၊ မနက်ဖြန် နံနက်(၆)နာရီမှာ အကုန်လုံးကို ( ဓါတ်ခွဲနမူနာ)ယူပြီးတော့ လေယာဉ်နဲ့ တစ်ခါတည်းပို့မှာ

ဟု တာချီလိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးဇော်လင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

၂၀၂၀ခုနှစ် မေလ(၂၉)ရက်နေ့ နံနက်ပိုင်းက မယ်ဆိုင်ဘက်မှ  ပြစ်ဒဏ်စေ့ မြန်မာ နိုင်ငံသား (၂၈)ဦး လွှဲပြောင်းပေးလာရာ အမျိုးသား(၂၁)ဦး၊ အမျိုးသမီး (၅)ဦး နှင့် ကလေးငယ်(၂)ဦး ပါဝင်ပြီး နေရပ်ပြန်အဖြစ် ရောက်ရှိလာသည့် အမျိုးသား (၁၈)ဦး၊ အမျိုးသမီး(၂၀)ဦး နှင့် ကလေးငယ်(၁၀)ဦး စုစုပေါင်း (၄၈)ဦး အပါအဝင်  စုစုပေါင်း (၇၆)ဦးအား ဓါတ်ခွဲနမူနာများ ရယူစစ်ဆေးသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။
ဓါတ်ခွဲနမူနာများ ရယူရန်အတွက် တာချီလိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးဇော်လင်းဦး နှင့် ကျန်းမာရေးအဖွဲ့မှ မေလ(၂၉)ရက်နေ့ ညပိုင်းက 
၎င်းတို့အား ဓါတ်ခွဲစစ်ဆေးပြီးပါက ဓါတ်ခွဲအဖြေတွင် ပိုးမတွေ့ရကြောင်း အဖြေထွက်ပါက နောက်ရက်တွင် နေရပ်ဒေသအသီးသီးသို့ ပြန်ခွင့်ပြုမည်ဖြစ်ပြီး ပိုးတွေ့လူနာရှိပါက ကုမှုများပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဓါတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်သည်။
  Tachileik News Agency
ဓါတ်ပုံ - စိုင်းအောင်ဝင်းမိုး

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~