တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်နေ့များအလိုက် မျိုးစေ့ အခမဲ့ ဝေပေးသွားမည်

တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်နေ့များအလိုက် မျိုးစေ့ အခမဲ့ ဝေပေးသွားမည်
မေ 15, 2020
By Tachileik News Agency

တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်နေ့များအလိုက် မျိုးစေ့ အခမဲ့ ဝေပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ကာလအတွင်း နေအိမ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၀ ခုနှစ်၊ မေလ (၁၆) ရက်နေ့မှစ၍ ရပ်ကွက်များအလိုက် သတ်မှတ်နေ့များတွင် လိုက်လံ ဝေပေးမည်ဖြစ်ကြောင်း သိရသည်။

ချဉ်ပေါင်၊ ရုံးပတီ၊ ဟင်းနုနယ်၊ ကန်ဇွန်း၊ နံနံပင်၊ (ကွန်ပေါင်း)မြေသြဇာ အထုတ်သေးတစ်ထုပ်နှင့် စိုက်ပျိုးနည်းလက်ကမ်းစာစောင်တို့ကို လိုက်လံဝေပေးမည်ဖြစ်ရာ မေလ (၁၆)ရက်နေ့၌ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(က)နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မေလ (၂၃)ရက်နေ့၌ ရန်အောင်မြေနှင့် ဝန်းကျောက်ရပ်ကွက်၊ မေလ (၃၀) ရက်နေ့၌ ပုန်းထွန်နှင့် ဝမ်ကောင်းရပ်ကွက်များ၊ ဇွန်လ (၆)ရက်နေ့၌ တာလော့၊ ပါဆတ်၊ ဆေခမ်းနှင့် မယ်ခေါင်ရပ်ကွက်များသို့ ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~