အထူးဒေသ(၄) နမ့်ပန်းဒေသမှ Quarantine ပြီး၍ နေရပ်ပြန် မြန်မာအလုပ်သမားများ (၁၀၈)ဦးကို မိုင်းယုမှတဆင့် နေရပ်သို့ စတုတ္ထအကြိမ် ပို့ဆောင်

အထူးဒေသ(၄) နမ့်ပန်းဒေသမှ Quarantine ပြီး၍ နေရပ်ပြန် မြန်မာအလုပ်သမားများ (၁၀၈)ဦးကို မိုင်းယုမှတဆင့် နေရပ်သို့ စတုတ္ထအကြိမ် ပို့ဆောင်
မေ 23, 2020
By Tachileik News Agency

အထူးဒေသ(၄) နမ့်ပန်းဒေသမှ Quarantine ပြီး၍  နေရပ်ပြန် မြန်မာအလုပ်သမားများ (၁၀၈)ဦးကို မိုင်းယုမှတဆင့် နေရပ်သို့ စတုတ္ထအကြိမ် ပို့ဆောင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့သို့ အထူးဒေသ(၄)၊ နမ့်ပန်းဒေသ၌  Quarantine (၂၁) ရက် စောင့်ကြည့်နေထိုင်ခဲ့ပြီးသည့် နေရပ်ပြန် မြန်မာအလုပ်သမား(၁၀၈)ဦးကို စတုထ္ထအကြိမ်အဖြစ် မေ (၂၃) ရက်နေ့ နံနက် (၆) နာရီ (၅၀) မိနစ်တွင် လွှဲပြောင်းပေးလာသည်။

အထူးဒေသ(၄)၊ နမ့်ပန်းဒေသ ဒုတိယအုပ်ချုပ်ရေးမှူး ဦးအိုက်ဆမ်မွန်း၊ ဒုတိယဆက်ဆံရေးတာဝန်ခံ ဦးလော်ချီ၊ ဒုတိယရဲတပ်ဖွဲ့မှူး ချစ်ဆနှင့် ကျိန်းယဲန်းဒေသရဲစခန်းမှူး  မောင်အေးဦးအဖွဲ့က  နေရပ်ပြန် မြန်မာအလုပ်သမားများကို မိုင်းယု-ကျိန်းယဲန်းတံတားမှတစ်ဆင့်  မိုင်းယုဖက်သို့ ပို့ဆောင်ပေးရာ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးတို့ ဦးဆောင်သည့်အဖွဲ့က  လက်ခံကြိုဆိုခဲ့ကြသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ၊ မကွေးတိုင်းဒေသ၊ မန္တလေးတိုင်းဒေသ၊ ဧရာဝတီတိုင်းဒေသ၊ တနင်္သာရီတိုင်းဒေသ၊ ကချင်၊ ကယားနှင့် ရှမ်းပြည်နယ်တို့မှ အမျိုးသား(၃၈)ဦးနှင့် အမျိုးသမီး (၇၀)ဦး စုစုပေါင်း (၁၀၈)ဦးတို့ကို မြို့မရပ်ကွက် အားကစားကွင်းတွင် ခရိုင်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင်များ၊ စစ်ဖက်ဆိုင်ရာအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက လူဦးရေစာရင်းကောက်ယူခြင်း၊  ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အစားအသောက်များ ဝေငှပေးခြင်း၊ သတ်မှတ်လိုင်းကားများ စီးနင်နိုင်ရန်စီစဉ်ပေးခြင်းများပြုလုပ်၍ မိုင်းယုမြို့မှတစ်ဆင့်  မိုင်းယောင်းမြို့သို့ နံနက်(၁၀)နာရီက ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

တရုတ်ပြည်မှ ကျပန်းအလုပ်လုပ်ကိုင်ရာမှ ကိုဗစ်-၁၉ရောဂါအခြေအနေများကြောင့် နယ်စပ်ဒေသ မိုင်းယုမြို့သို့ မေလ(၂၃)ရက်နေ့အထိ  Quarantine(၂၁)ရက်ပြုလုပ်ပြီးသော နေရပ်ပြန် မြန်မာအလုပ်သမား (၄)ကြိမ်မြောက် စုစုပေါင်း (၁၅၁၈) ဦးအထိ ဝင်ရောက်လာခဲ့ပြီး ၎င်းတို့ကို နယ်စပ်ဒေသ မိုင်းယုမြို့မှတစ်ဆင့် တောင်ကြီးမြို့သို့ အဆင်ပြေစွာ သက်ဆိုင်ရာတာဝန်ရှိသူများက ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကိုကိုနိုင်(မိုင်းယု)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~