လှိုင်မြို့မရဲစခန်းမှူး(ဟောင်း)ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်

လှိုင်မြို့မရဲစခန်းမှူး(ဟောင်း)ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်
မေ 27, 2020
By Tachileik News Agency

လှိုင်မြို့မရဲစခန်းမှူး(ဟောင်း)ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် 

အမှုအတွက် အာမခံရရှိရန် ငွေကြေးရယူ လုပ်ဆောင်ပေးသည်ဟု စွပ်စွဲချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့မရဲစခန်းမှ ယခင်စခန်းမှူးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ၂၀၂၀ ခုနှစ်၊ မေလ (၂၅) ရက်နေ့က လှိုင်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

လှိုင်မြို့နယ်တရားရုံးတွင် ရာဇဝတ်ကြီးမှုအမှတ် ၁၀၅၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် တရားစွဲဆိုခံရသည့် အမှုနှင့်ပတ်သက်၍ အာမခံရရှိရန်အတွက် မြို့နယ်တွဲဖက်တရားသူကြီးနှင့် လှိုင်မြို့မရဲစခန်းမှူးတို့ကို ငွေကျပ် (၁၀) သိန်းပေးခဲ့ရ၍ အရေးယူပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားချက်အရ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ ယခင် လှိုင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆွေမြင့် (ယခု ယာယီရဲမှူး၊ ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူး)အား စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့၏ စစ်ဆေးချက်အရ ယခင် လှိုင်မြို့မရဲစခန်းမှူးသည် ၂၀၁၈ ခုနှစ်၊ မတ်လ (၅)ရက်နေ့က ရာဇဝတ်ကြီးမှုအမှတ် ၁၀၅၁/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၅-က အမှုမှ တရားခံ၏ သမီး ဖြစ်သူထံမှ ငွေကျပ် (၁၀)သိန်းကို တရားသူကြီးအား ပေးရန်ဟုဆိုကာ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိချက်အရ ယခင် လှိုင်မြို့မစခန်းမှူးအား လှိုင်မြို့မရဲစခန်းတွင်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ ဖြင့် အမှုဖွင့်ထားကြောင်း  သိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~