ထိုင်းနိုင်ငံမှ နေရပ်ပြန်လာလိုသည့် (၅၅)ဦးနှင့် ပြစ်ဒဏ်စေ့(၂၉)ဦးတို့ကို တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၂)တွင် မေလ(၂၉)ရက်နေ့၌ လက်ခံပေးသွားမည်

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာလိုသည့် (၅၅)ဦးနှင့် ပြစ်ဒဏ်စေ့(၂၉)ဦးတို့ကို တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၂)တွင် မေလ(၂၉)ရက်နေ့၌ လက်ခံပေးသွားမည်
မေ 27, 2020
By Tachileik News Agency

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာလိုသည့် (၅၅)ဦးနှင့် ပြစ်ဒဏ်စေ့(၂၉)ဦးတို့ကို တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၂)တွင် မေလ(၂၉)ရက်နေ့၌ လက်ခံပေးသွားမည်

ထိုင်း - မြန်မာ နယ်စပ်ဒေသ မယ်ဆိုင် - တာချီလိတ်နယ်စပ်ဂိတ်မှ ပြန်လာရန် စာရင်းပေးထားသူများထဲက မြန်မာလုပ်သား (၅၅)ဦးကို ၂၀၂၀ခုနှစ် မေလ(၂၉)ရက်နေ့တွင် တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားမှတဆင့် လက်ခံပေးသွားမည်ဖြစ်ပြီး တစ်ဆက်တည်းမှာပင် ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့သည့် မြန်မာနိုင်ငံသား (၂၉)ဦးပါကို မြန်မာဘက်က နှစ်သုတ်ခွဲ၍ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီကနေ ပြန်လိုတဲ့ (၅၅)ဦးရယ်၊ နောက် ပြစ်ဒဏ်ကျက (၂၉)ယောက်ရှိသေးတယ်၊   အဲ့ဒီတစ်ရက်တည်း နှစ်သုတ်ခွဲပြီး လက်ခံပေးသွားမယ်

ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

နေရပ်ပြန်လိုသည့် (၅၅)ဦးတွင် ကလေးငယ်များ အပါအဝင် အမျိုးသား (၂၅)ဦးနှင့် အမျိုးသမီး (၃၀)ဦးတို့ ပါဝင်ပြီး ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၂၉)ဦးတွင် ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်းက မယ်ဆိုင်မြို့တွင်  အုပ်စုဖွဲ့ကာ အရက်သောက်၍ ဖမ်းခံရသူများ နှင့် လဝက ဥပဒေဖြင့် ဖမ်းခံရသူများ ပါဝင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~