ရှမ်းပြည်နယ်တွင်းသို့ ပြည်တွင်းမှ လာသူများ ဇွန်လ (၁)ရက်နေ့မှစ၍ Quarantine ဝင်ရန် မလို

ရှမ်းပြည်နယ်တွင်းသို့ ပြည်တွင်းမှ လာသူများ ဇွန်လ (၁)ရက်နေ့မှစ၍ Quarantine ဝင်ရန် မလို
မေ 31, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်းသို့ ပြည်တွင်းမှ လာသူများ ဇွန်လ (၁)ရက်နေ့မှစ၍ Quarantine ဝင်ရန် မလို 

ရှမ်းပြည်နယ်တွင်းသို့ ပြည်ပမှလာသူများကို facility quarantine တွင်သာ ထားရှိတော့မည်ဖြစ်ပြီး ပြည်တွင်းမှ လာသူများကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှစ၍ quarantine ဝင်စရာ မလိုတော့ကြောင်း သိရသည်။

ဇွန်လ (၁)ရက်နေ့လောက်ကစပြီး ပြည်တွင်းက လာသူတွေ quarantine ဝင်ရတာတွေ ဖြေလျော့တော့မယ်။ အဲဒါတွေကို ဖြေမှရတော့မယ်။ အဲဒါတွေက အမှန်အတိုင်းဝန်ခံရရင် တရားမျှတမှု မရှိဘူး။ လေဆိပ်က လာတဲ့သူမှန်သမျှက ဘယ်ကလာတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ကားနဲ့လာတဲ့သူတွေကျတော့ ရန်ကုန်ကလာရင် quarantine နေရမယ်ပြောတော့ ရန်ကုန်လာတယ်လို့ တစ်ယောက်မှ မပြောဘူး။ မပြောဘဲနဲ့ လွတ်သွားတဲ့သူက အများကြီးရှိနေတယ်။ ဒီတော့ ကျွန်တော်တို့လည်း လုပ်ရင်းလုပ်ရင်းနဲ့ ဒါကြီးက မတရားဘူးဆိုတာ မြင်လာတယ်။ နောက် ဈေးတွေလည်း ဖွင့်တော့မယ်။ စားသောက်ဆိုင်တွေလည်း ဖွင့်တော့မယ်ဆိုတော့ ပြည်တွင်းခရီးကတော့ quarantine မထားတော့ဘူး။ ဒါပေမဲ့ ကျန်းမာရေးက သူတို့လုပ်နေတဲ့ fever surveillance လုပ်ငန်းတွေ၊ ကူးစက်ရောဂါနဲ့ပတ်သက်တဲ့လုပ်ငန်းတွေတော့ ဆက်ရှိနေမှာပေါ့

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ၂၀၂၀ ခုနှစ်၊ မေလ (၂၈)ရက်နေ့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ မေလ (၁၈)ရက်နေ့ ရက်စွဲပါ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်မည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဈေးများ၊ ယာဉ်လိုင်းများ၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများကို ဇွန်လ (၁)ရက်နေ့မှစ၍ စိစစ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ရာ ပြည်တွင်းခရီးသွားများအား quarantine ဝင်ရန် ကန့်သတ်ထားခြင်းအား ဖြေလျော့ထားသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID 19 ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များကို လိုက်နာလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~