ဒက္ခိဏသီရိမြို့နယ်အတွင်း မီးလောင်မှုကြောင့် နေအိမ်(၁၅)လုံး မီးလောင်ဆုံးရှုံးကာ (၅၁)ဦး မီးဘေးသင့်

ဒက္ခိဏသီရိမြို့နယ်အတွင်း မီးလောင်မှုကြောင့် နေအိမ်(၁၅)လုံး မီးလောင်ဆုံးရှုံးကာ (၅၁)ဦး မီးဘေးသင့်
မေ 15, 2020
By Tachileik News Agency

ဒက္ခိဏသီရိမြို့နယ်အတွင်း မီးလောင်မှုကြောင့် နေအိမ်(၁၅)လုံး မီးလောင်ဆုံးရှုံးကာ (၅၁)ဦး မီးဘေးသင့်

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ကျေးရွာတွင် မီးဖိုရှိ မီးကြွင်းမီးကျန်မှ တဆင့် ၂၀၂၀ခုနှစ် မေလ (၁၅)ရက်နေ့ နံနက်(၂)နာရီကျော်အချိန်က မီးလောင်မှု ဖြစ်ပွား၍ အိမ်ခြေ(၁၅)လုံး မီးလောင်ဆုံးရှုံးပြီး လူ(၅၁)ဦး မီးဘေးသင့်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ မီးသတ်ယာဉ် (၁၅)စီး၊ ရေသယ်ယာဉ် အစီး(၂၀)၊ အုပ်ချုပ်မှုယာဉ်(၄)စီး ဖြင့် သွားရောက် ငြိမ်းသတ်ခဲ့ရပြီး နံနက်(၃)နာရီ မိနစ် (၂၀)အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ်(၁၅)လုံးအပြင် ဆိုင်ကယ်(၃)စီး၊ ဂွန်ဒေါင်း(၁)စီး နှင့် စပါး တင်း(၁၀၀)တို့ မီးလောင်သည့်အထဲ ပါဝင်သွားပြီး အမျိုးသား(၂၀)ဦး နှင့် အမျိုးသမီး (၃၁)ဦး မီးဘေးသင့်ခဲ့ရသည်။

မီးဘေးသင့်ပြည်သူများအား ဒိုးနွယ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့ နေရာချထားပေးရကြောင်းနှင့် မီးလောင်မှုဖြစ်ပွားရာနေရာသို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက ရှင်းလင်းရေးလုပ်ငန်းများကို မေလ(၁၅)ရက်နေ့ နံနက်ပိုင်းက စ၍ ဆောင်ရွက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းတွင် ဆန်နှင့်ကြက်ဥများ လှူဒါန်းပေးကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ မီးဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် စီစဉ်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - SNWD, MFSD


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~