ထိုင်းနိုင်ငံ မော်ချစ်ကားဂိတ်မှတဆင့် မဲဆောက် - မြဝတီနယ်စပ်ဂိတ်သို့ အထူးယာဉ်ဖြင့် လိုက်ပါခွင့်ရသူ အမည်စာရင်း

ထိုင်းနိုင်ငံ မော်ချစ်ကားဂိတ်မှတဆင့် မဲဆောက် - မြဝတီနယ်စပ်ဂိတ်သို့ အထူးယာဉ်ဖြင့် လိုက်ပါခွင့်ရသူ အမည်စာရင်း
မေ 21, 2020
By Tachileik News Agency

ထိုင်းနိုင်ငံ မော်ချစ်ကားဂိတ်မှတဆင့် မဲဆောက် - မြဝတီနယ်စပ်ဂိတ်သို့ အထူးယာဉ်ဖြင့် လိုက်ပါခွင့်ရသူ အမည်စာရင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မော်ချစ်ကားဂိတ်မှနေ၍ မဲဆောက် - မြဝတီနယ်စပ်ဂိတ်ဘက်သို့ လိုက်ပါမည့် နေရပ်ပြန် မြန်မာနိုင်ငံသား (၂၁၀) ဦး၏ အမည်စာရင်းကို အလုပ်သမားသံအရာရှိရုံးက ၂၀၂၀ ခုနှစ်၊ မေလ (၂၁)ရက်နေ့၌ ထုတ်ပြန်လိုက်ပြီး မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီထက် နောက်မကျစေဘဲ လာရောက်စုစည်း ရမည်ဖြစ်ကြောင်း အသိပေးထားသည်။

နေရပ်ပြန်မြန်မာလုပ်သားများအတွက် အထူးမော်တော်ယာဉ် အစီအစဉ်ဖြင့် မဲဆောက် - မြဝတီဂိတ်သို့ လိုက်ပါခွင့် ရထားသည့် ခရီးသည်များအနေဖြင့် မဟာချိုင်ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးစခန်းသို့ ထိုင်းစံတော်ချိန် ညနေ (၅)နာရီထက် နောက်မကျစေဘဲ လာရောက်စုစည်းကြရမည်ဖြစ်ကြောင်း သိရသည်။

မဟာချိုင်ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးစခန်းမှတစ်ဆင့် မော်ချစ်ကားဂိတ်သို့ ဘတ်စ်ကားများဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ဒေသတစ်ခုနှင့်တစ်ခု အသွားအလာကန့်သတ်မှုများရှိနေ၍  နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများ  နေရပ်ပြန်ပို့ရေး စီစဉ်ပေးနိုင်ရန် မြန်မာအလုပ်သမားသံအရာရှိရုံးသို့ အမည်စာရင်းပေးပို့စေပြီး အထူးမော်တော်ယာဉ်အစီအစဉ်ဖြင့် နယ်စပ်ဂိတ်သို့ ပြန်လည်ပို့ဆောင်ပေးနေခြင်းဖြစ်သည်။

နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် https://forms.gle/kbxdZLLVbmDM7NYJ9 သို့ ဝင်၍ သက်ဆိုင်ရာ မိမိ၏ ကိုယ်ရေး အချက်အလက်များကို ဖြည့်သွင်းသွားရမည်ဖြစ်ပြီး ဖြည့်သွင်းရမည့် ပုံစံညွှန်ကြားမှု အဆင့်ဆင့်ကို လည်း Myanmar Labour Attache Office – Thailand တွင် အသေးစိတ်ဖော်ပြထားသည်။

Tachileik News Agency

မဟာချိုင်၊ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး တည်နေရာ (စုရပ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~