တာချီလိတ်တပ်နယ်က ရှမ်းရိုးမကွင်းအတွင်း သက်သာဈေးနှုန်းဖြင့် မေလ(၂၂)ရက်နေ့က စတင်ကာ တစ်ရက်ခြားပြီး သားငါး ဟင်းသီးဟင်းရွက်များ ပြန်လည် ရောင်းချပေးသွားမည်

တာချီလိတ်တပ်နယ်က ရှမ်းရိုးမကွင်းအတွင်း သက်သာဈေးနှုန်းဖြင့် မေလ(၂၂)ရက်နေ့က စတင်ကာ တစ်ရက်ခြားပြီး သားငါး ဟင်းသီးဟင်းရွက်များ ပြန်လည် ရောင်းချပေးသွားမည်
မေ 21, 2020
By Tachileik News Agency

တာချီလိတ်တပ်နယ်က ရှမ်းရိုးမကွင်းအတွင်း သက်သာဈေးနှုန်းဖြင့် မေလ(၂၂)ရက်နေ့က စတင်ကာ တစ်ရက်ခြားပြီး သားငါး ဟင်းသီးဟင်းရွက်များ ပြန်လည် ရောင်းချပေးသွားမည်

တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း တာချီလိတ်တပ်နယ်က သက်သာသော ဈေးနှုန်းများဖြင့် သား၊ ငါး ဟင်းသီး ဟင်းရွက်များနှင့် ထမင်းဟင်းများကို ၂၀၂၀ခုနှစ် မတ်လ(၂၂)ရက်နေ့တွင် ပြန်လည်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တပ်တွင်း စိုက်ပျိုး မွေးမြူထားသည့် ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ကြက်သား၊ ငါးများကို ၂၀၂၀ခုနှစ် မေလ(၅)ရက်နေ့က စ၍ မေလ၏ ဒုတိယပတ်အထိ   ရောင်းချခဲ့ပြီးနောက်  မေလ(၂၂)ရက်နေ့တွင် ပြန်လည်ရောင်းချရန် စီစဉ်ခြင်း ဖြစ်သည်။

တာချီလိတ်တပ်နယ်က မေလ(၂၂)ရက်နေ့၊ မေလ(၂၄)ရက်နေ့၊ မေလ(၂၆)ရက်နေ့၊ မေလ(၂၈)ရက်နေ့ နှင့် မေလ(၃၀)ရက်နေ့များတွင် သတ်မှတ်နေ့အလိုက် ရောင်းချပေးသွားမည်ဖြစ်သည့် အတွက် ဈေးဝယ်သူများအနေဖြင့် နံနက်(၇)နာရီကျော်က စ၍ လာရောက် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

covid-19 ကာလအတွင်း ပြည်သူများ အဆင်ပြေစေရန်အတွက် ယခုလို ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။

Covid-19 ထိန်းချုပ်ကာကွယ်ရေးကာလအတွင်း ဈေးများတွင် လူစုလူဝေး မဖြစ်ရန်အတွက် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် စည်ပင်သာယာရေးဌာနက  ဟင်းသီးဟင်းရွက် သားငါးများ ရောင်းချနိုင်မည့် ယာယီဈေးအဖြစ် ဖွင့်လှစ်ပေးထားသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~