ကျောက်မဲတွင် အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်ရေး ယာဉ်ထိန်းတပ်ဖွဲ့က ရက်အကန့်အသတ်မရှိ ပညာပေးဆောင်ရွက်မည်

ကျောက်မဲတွင် အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်ရေး ယာဉ်ထိန်းတပ်ဖွဲ့က ရက်အကန့်အသတ်မရှိ ပညာပေးဆောင်ရွက်မည်
မေ 9, 2020
By Tachileik News Agency
ကျောက်မဲတွင် အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်ရေး ယာဉ်ထိန်းတပ်ဖွဲ့က ရက်အကန့်အသတ်မရှိ ပညာပေးဆောင်ရွက်မည်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ယာဉ်မောင်းများနှင့် လမ်းသွားလမ်းလာများ နှာခေါင်းစည်း ( Mask ) တပ်ဆင်၍ မောင်းနှင်၊ သွားလာရန်အတွက် ကျောက်မဲယာဉ်ထိန်းရဲတပ်ဖွဲ့က ၂၀၂၀ ခုနှစ်၊  မေလ ၉ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ပညာပေးလုပ်ဆောင်နေကြောင်း သိရသည်။

“Covid-19 ကာလမှာ နှာခေါင်းစည်း တပ်ဆင်ခြင်းအားဖြင့် အထိုက်အလျောက် ကာကွယ်ပြီးသား ဖြစ်တဲ့အတွက် Mask တပ်ဆင်ဖို့ အသိပညာပေး လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ဆိုင်ကယ်/ကား မောင်းနှင်သူတွေ Mask မတပ်ဘဲ မောင်းလာရင် တားပြီးတော့ Mask ဝယ်ပြီး တပ်စေပါတယ်။ ဆိုင်ကယ်ဦးထုပ်မဆောင်းတာတို့၊ လမ်းပြောင်းပြန်မောင်းတာတို့ပါ တစ်ခါတည်း အသိပညာပေးပါတယ်။ ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ ရက်အကန့်အသတ်မရှိ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု အမှတ် (၁၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျောက်မဲ ) မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ကျော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမှတ် (၁၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊  မြို့မရဲတပ်ဖွဲ့၊ ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေးအဖွဲ့၊ မြို့မိမြို့ဖများ ပူးပေါင်းပါဝင်သည့်အဖွဲ့က မေလ (၉)ရက်နေ့ နံနက်ပိုင်းက ကျောက်မဲမြို့ ပင်လုံလမ်းနှင့် သီရိမင်္ဂလာလမ်းထောင့်( ဗဟိုဈေးထောင့်)၊ အောင်ဆန်းလမ်းနှင့် ပတ္တမြားလမ်းထောင့် ( အောက်ရုပ်ရှင်ရုံထောင့်)တို့၌ အသိပညာပေးခြင်း ဆောင်ရွက်ကြသည်။

Covid-19 ရောဂါ ကာကွယ်နေသည့် ကာလအတွင်း ယာဉ်မောင်းများနှင့် လမ်းသွားလမ်းလာများအား Mask တပ်ဆင်ရန် အသိပညာပေးလုပ်ငန်းကို ရက်အကန့်အသတ်မရှိ လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျောက်မဲမြို့တွင်းရှိ လူစည်ကားရာနေရာများ၌ မနက်ပိုင်းနှင့် ညနေပိုင်း ခွဲ၍ နေ့စဉ် လုပ်ဆောင်သွားမည်ဟု ကျောက်မဲ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ တပ်ဖွဲ့စုမှူးထံမှ သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ -  နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~