မကွေးတိုင်းတွင် အပူချိန်မြင့်မားမှုကြောင့် ဆေးရုံတက် ကုသမှုခံယူရသူ (၁၄)ဦးရှိပြီး ရောဂါအခံရှိသူ (၁)ဦးသေဆုံး

မကွေးတိုင်းတွင် အပူချိန်မြင့်မားမှုကြောင့် ဆေးရုံတက် ကုသမှုခံယူရသူ (၁၄)ဦးရှိပြီး ရောဂါအခံရှိသူ (၁)ဦးသေဆုံး
မေ 20, 2020
By Tachileik News Agency
မကွေးတိုင်းတွင် အပူချိန်မြင့်မားမှုကြောင့် ဆေးရုံတက် ကုသမှုခံယူရသူ (၁၄)ဦးရှိပြီး ရောဂါအခံရှိသူ (၁)ဦးသေဆုံး

အပူချိန်မြင့်မားမှု Heat Stroke ကြောင့် မကွေးတိုင်းဒေသကြီးတွင်  ဆေးရုံတက် ကုသမှုခံယူရသူ (၁၄)ဦးရှိနေပြီး ယင်းတို့အနက် (၁)ဦးမှာ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ စာရင်းမှာ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ခုနှစ် မေလ (၁၈)ရက်နေ့အထိ စာရင်းဖြစ်သည်။

တစ်ဦးသေတယ်ဆိုပေမဲ့လည်း သူ့မှာက ရောဂါအခံရှိနေတာကြောင့်ပါ။ အပူချိန်မြင့်မားမှုနဲ့ ပတ်သက်လို့ အသက်အရွယ်ကြီးသူတွေနဲ့ ကလေးသူငယ်တွေ၊ အရက်အလွန်အကျွံသောက်သူတွေ၊ နှလုံး၊ သွေးတိုး၊ ဆီးချို အစရှိတဲ့ နာတာရှည်ရောဂါအခံရှိသူတွေ သတိထားသင့်ပါတယ်

ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း အပူချိန်ပိုမြင့်သည့် ချောက်မြို့နယ်နှင့် သရက်မြို့နယ်တို့၌ Heat Stroke ကြောင့် တက်ရောက်ဆေးကုသမှုခံယူနေရသူ(၄)ဦးနှင့် အပူချိန်မြင့်မားမှုကြောင့် နာတာရှည်ရောဂါအသီးသီးဖြင့် ဆေးရုံတက် ကုသမှုခံယူနေရသူ (၁၀)ဦးရှိခြင်းဖြစ်ကြောင်း သိရသည်။

အပူချိန်အမြင့်ဆုံးဒေသဖြစ်သည့် မကွေးတိုင်းဒေသကြီးတွင် နွေကာလ၌ မြို့နယ်အသီးသီးတွင် အပူရှောင်စခန်းများ နှစ်စဉ်ဖွင့်လှစ်ပေးခဲ့သော်လည်း ယခုနှစ်တွင် COVID-19 ကြောင့် ဖွင့်လှစ်ပေးနိုင်ခြင်းမရှိသည့်အပြင် အပူချိန်မှာလည်း နှစ်စဉ်ထက် ပိုမိုပြင်းထန်လာခြင်းဖြစ်သည်။

အပူချိန်မြင့်မားနေသည့်အချိန်တွင် သက်ကြီးဘိုးဘွားများနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ နာတာရှည်ရောဂါရှိသူများ၊ ကာယလုပ်သားများ၊ အားကစားသမားများ၊ ဝလွန်းသူများ၊ အရက်စွဲသူများနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့် အပူဒဏ်အန္တရာယ်ကို အထူးသတိပြုရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားသည်။

Tachileik News Agency
သတင်း - ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~