ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်ရန် မေလ(၂၄)ရက်နေ့တွင် လာရောက် စာရင်းပေးနိုင်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်ရန် မေလ(၂၄)ရက်နေ့တွင် လာရောက် စာရင်းပေးနိုင်
မေ 23, 2020
By Tachileik News Agency
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်ရန် မေလ(၂၄)ရက်နေ့တွင် လာရောက် စာရင်းပေးနိုင်

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်ရန်စာရင်းပေးသွင်းထားရခြင်း မရှိသေးပါက မယ်ဆိုင်မြို့ရှိ ဓမ္မစကူးအဆောက်အဦတွင် ၂၀၂၀ ခုနှစ်၊ မေလ (၂၄) ရက်နေ့အထိ အလုပ်သမားသံအရာရှိထံ လာရောက်စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

ဒီနေ့လည်း စာရင်းလာပေးတဲ့သူတွေရှိတယ်။ မနက်ဖြန်ကိုလည်း မနက် (၉)နာရီကနေစပြီး စာရင်းလာသွင်းပေးလို့ရသေးတယ်။ ဓမ္မစကူးလ်ကိုလည်း ယာယီခိုလှုံရာအဖြစ် ဖွင့်ထားလိုက်တယ်။ ဒီနေ့ ဒုက္ခရောက်နေတဲ့သူ (၆)ယောက်ကို ဒီမှာထားပေးလိုက်တယ်။ မယ်ဆိုင်ဘက်က ကျန်းမာရေးဌာနက ကျန်းမာရေးလာစစ်ပေးတယ်။ မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးကို ကျွန်တော် ဖုန်းဆက်တော့ သူတို့က ဒီလူတွေအတွက် စားစရာသောက်စရာ အလှူရှင်ရှာလုပ်ပေးမယ်လို့ ပြောပါတယ်။ အခု သူတို့ကို Quarantine ထား ထားပါတယ်။ နောက်နယ်စပ်ဖြတ်သန်းခွင့်ရလို့ လာကြတဲ့သူတွေလည်း ဒီမှာတော့ စုရပ်ဖြစ်သွားမှာပေါ့

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ မေလ (၂၃)ရက်နေ့တွင် ပြောသည်။

မယ်ဆိုင်မြို့သို့ ရောက်ရှိနေပြီး နေရပ်ပြန်ရန် စာရင်းပေးသွင်းရန် အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသားများ၏ အချက်အလက်များကို မယ်ဆိုင်မြို့၊ ပီယဖောင်းရပ်ကွက်၊ ဖော်ဖိကွန်းကိုယ်ပိုင်အထက်တန်းကျောင်းအနီး (ဓမ္မစကူးလ်ကျောင်းတော်-မယ်ဆိုင်)၌ မေလ (၂၃)ရက်နေ့က စတင်၍ အလုပ်သမားသံအရာရှိကိုယ်တိုင် စာရင်းလက်ခံပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း ခရိုင်ချင်းဆက်လမ်းများနှင့် နယ်စပ်ဂိတ်များကိုလည်း ပိတ်ထားသည့်အပြင် နိုင်ငံတွင်း ကားလိုင်းများ ပြေးဆွဲခြင်းကိုပါ ရပ်ဆိုင်းထား၍ ယခင်ကကဲ့သို့ မြန်မာနယ်စပ်သို့ပြန်ထွက်ရန် အခက်အခဲဖြစ်နေသည့် မြန်မာလုပ်သားများ အတားအဆီးမရှိ နေရပ်ပြန်နိုင်ရန်အတွက် မြန်မာသံရုံးက စာရင်းရယူကာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြ၍ နယ်စပ်ဖြတ်သန်းခွင့် ရရှိရေး ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

နေရပ်ပြန်လိုသူများအနေဖြင့် မြန်မာအလုပ်သမားသံအရာရှိရုံးသို့ အွန်လိုင်းမှနေ၍ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ ပေးပို့စာရင်းသွင်းနိုင်ကြမည်ဖြစ်ပြီး ဓမ္မစကူးလ်ကျောင်းတော်-မယ်ဆိုင်သို့ စာရင်းပေးသွင်းလိုသူများအနေဖြင့် အကူအညီလိုအပ်ပါက ဖုန်း( 089-637-6367 )နှင့် ဖုန်း( 090 053 2430 )တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ဦးထွန်း(မယ်ဆိုင်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~