မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်မှ နေရပ်ပြန်လိုသည့် ထိုင်းရောက် မြန်မာလုပ်သားများ၏ စာရင်းများကို မယ်ဆိုင်မြို့တွင် လက်ခံပေးနေ

မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်မှ နေရပ်ပြန်လိုသည့် ထိုင်းရောက် မြန်မာလုပ်သားများ၏ စာရင်းများကို မယ်ဆိုင်မြို့တွင် လက်ခံပေးနေ
မေ 26, 2020
By Tachileik News Agency
မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်မှ နေရပ်ပြန်လိုသည့် ထိုင်းရောက် မြန်မာလုပ်သားများ၏ စာရင်းများကို မယ်ဆိုင်မြို့တွင် လက်ခံပေးနေ

မယ်ဆိုင် - တာချီလိတ်နယ်စပ်ဂိတ်မှ နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ သံရုံးသို့ အွန်လိုင်းမှစာရင်းပေးသွင်းရန် အခက်အခဲရှိသူများအတွက် မယ်ဆိုင်မြို့၌ စာရင်းလက်ခံပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဒီဘက်မှာ ကျွန်တော်တို့ဆီကို နေ့စဉ်နဲ့အမျှ ဖုန်းဆက် စာရင်းပေးသွင်းနေတာတွေကို ဆက်ပြီးလက်ခံပေးသွားမှာပါ။ ဒီဘက်လမ်းကြောင်းကို ဖွင့်ဖို့ကတော့ ဟိုဘက် နိုင်ငံခြားရေးက စီစဉ်မှာပေါ့နော်။ ကျွန်တော်တို့က ဒီဘက်ကစာရင်းကို တင်ပြဖို့ကို အရင်လုပ်နေတာပါ။ ဒီစာရင်းတွေကို ကျွန်တော်တို့က သူတို့ဆီကို ပို့ပေးရမှာပါ။ အထောက်အထားမရှိဘဲ နေထိုင်တဲ့သူတွေစာရင်းကတော့ ကျွန်တော်တို့ဆီမှာ ကောက်မထားပါဘူး

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်-တာချီလိတ်လမ်းကြောင်းမှ နေရပ်ပြန်မည့် မြန်မာနိုင်ငံသားများအနက် အွန်လိုင်းမှ စာရင်းပေးသွင်းရန် အခက်အခဲ ရှိနေသူများရှိနေသူများ စာရင်းပေးသွင်းနိုင်ရန်အတွက်  မြန်မာအလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက မေလ (၂၃)ရက်နေ့တွင် မယ်ဆိုင်သို့ လာရောက်ပြီး  တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)နှင့် နှစ်နိုင်ငံနယ်ခြားကော်မတီ (TBC)မှ တာဝန်ရှိသူ ဦးသန်းထွန်းအောင်တို့ ပါဝင်သည့် အဖွဲ့ဖြင့် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားစာရင်းကို ကောက်ယူခဲ့ခြင်းဖြစ်သည်။

မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများမှ နေရပ်ပြန်ရန် စာရင်းမပေးရသေးသူများ ကျန်ရှိပါက  ဦးထွန်း(မယ်ဆိုင်) ထိုင်းဖုန်း 089-637-6367 နှင့် ဦးသန်းထွန်းအောင် ဖုန်း 090-053-2430 သို့ နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၅)နာရီအတွင်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြကြောင်း သိရသည်။

ယင်းကဲ့သို့ ကောက်ယူရရှိသည့်စာရင်းများကို မြန်မာအလုပ်သမားသံအရာရှိရုံးထံ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို  ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက စိစစ်ခွင့်ပြုပေးနေရာ မဲဆောက် - မြဝတီနယ်စပ်ဂိတ်မှသာ ခွင့်ပြုပေးထားသေးကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ဦးထွန်း(မယ်ဆိုင်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~