အထူးဒေသ(၄)ထဲက နေရပ်ပြန်မည့် မြန်မာလုပ်သား (၆၄၅)ဦး မိုင်းယုသို့ ရောက်ရှိကာ နေရပ်ပြန်

အထူးဒေသ(၄)ထဲက နေရပ်ပြန်မည့် မြန်မာလုပ်သား (၆၄၅)ဦး မိုင်းယုသို့ ရောက်ရှိကာ နေရပ်ပြန်
မေ 8, 2020
By Tachileik News Agency

အထူးဒေသ(၄)ထဲက နေရပ်ပြန်မည့် မြန်မာလုပ်သား (၆၄၅)ဦး မိုင်းယုသို့ ရောက်ရှိကာ နေရပ်ပြန်

အထူးဒေသ(၄)၊ နမ့်ပန်းဒေသမှာ Quarantine (၂၁) ရက် နေထိုင်ပြီးတဲ့   မြန်မာအလုပ်သမား(၆၄၅)ဦးကို ၂၀၂၀ ခုနှစ်၊ မေလ (၈)ရက်နေ့ နံနက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း  နယ်စပ်ဒေသမြို့ဖြစ်တဲ့ မိုင်းယုမြို့ကို  ကျိန်းယဲန်းတံတားမှတစ်ဆင့်  လွှဲပြောင်းပေးလာပါတယ်။

အထူးဒေသ(၄)ဘက်က တာဝန်ရှိသူများက လွှဲပြောင်းပေးလာရာမှာ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦီးမြင့်နိုင် နဲ့ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦီးညီညီဝင်းတို့  ပါဝင်တဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံပေးခဲ့ကြပါတယ်။

တရုတ်နိုင်ငံက ပြန်လာသူများကို အထူးဒေသ (၄) နမ့်ပန်းဒေသမှာ Quarantine (၂၁) ရက်ထားရှိပြီးနောက် မိုင်းယုဘက်သို့  ပြန်လွှဲပေးရာမှာ မေလ (၄)ရက်နေ့က (၅၅၃)ဦးကို ပထမအကြိမ်အဖြစ် လွှဲပြောင်းပေးလာပြီး ဒီနေ့ မေလ(၈)ရက်နေ့မှာတော့ ဒုတိယအကြိမ်အဖြစ် ကလေးငယ်များ အပါအဝင် အမျိုးသား (၄၀၁)ဦး နဲ့ အမျိုးသမီး (၂၄၄)ဦး စုစုပေါင်း (၆၄၅)ဦးကို လွှဲပြောင်းပေးလာတာဖြစ်ပြီး သူတို့တွေအားလုံးဟာ မိုင်းယုမှာ ကျန်းမာရေး နဲ့ အချက်အလက် စစ်ဆေးမှုများ ခံရယူပြီးတော့ နေရပ်အသီးသီးကို သက်ဆိုင်ရာဌာနများက စီစဉ်ပေးတဲ့ မော်တော်ယာဉ်လိုင်းများနဲ့ ပြန်သွားကြပြီ ဖြစ်ပါတယ်။ 

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ကိုကိုနိုင်(မိုင်းယု)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~