မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်မှ ပြန်လိုသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အမြန်ဆုံး ဆက်သွယ် စာရင်းပေးသွင်းနိုင်

မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်မှ ပြန်လိုသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အမြန်ဆုံး ဆက်သွယ် စာရင်းပေးသွင်းနိုင်
မေ 23, 2020
By Tachileik News Agency
မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်မှ ပြန်လိုသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အမြန်ဆုံး ဆက်သွယ် စာရင်းပေးသွင်းနိုင်

မြန်မာ - ထိုင်းနယ်စပ်ဂိတ်များမှ နေရပ်ပြန်မည့် မြန်မာနိုင်ငံသားများစာရင်းကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက  စိစစ်ခွင့်ပြုပေးနေရာ ၂၀၂၀ ခုနှစ်၊ မေလ (၂၃) ရက်နေ့အထိ မယ်ဆိုင် - တာချီလိတ်နယ်စပ်ဂိတ်မှ ဖြတ်သန်းခွင့် ပေးထားခြင်း မရှိသေးဘဲ ပြန်လိုသူများ၏ စာရင်းများကို စိစစ်လက်ခံနေပြီး မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်မှ ပြန်လိုသူများအနေဖြင့် ဆက်သွယ် စာရင်းပေးနိုင်မည် ဖြစ်သည်။

“ထိုင်းနိုင်ငံခြားရေးက အခုချိန်ထိ pass ဖြစ်တာ (နယ်စပ်ဖြတ်သန်းခွင့်ပြုတာ) မြဝတီ - မဲဆောက်ဘက်မှာပဲရှိတာ။  ဒီဘက် (မယ်ဆိုင် - တာချီလိတ်)တော့ မရှိသေးဘူး။ ဒီဘက်က အခုမှ စာရင်းတွေ စုနေကြတုန်း၊ တင်နေကြတုန်း။ ဒီဘက်မှာလည်း နယ်မြေအသီးသီးမှာ လူတွေကလည်း  ပြန့်ကွဲနေကြတာ” ဟု မြန်မာအလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခရိုင်ချင်းဆက်လမ်းများပိတ်နေပြီး ခရီးသွားယာဉ်လိုင်းများ ပြေးဆွဲခြင်းကို ရပ်နားထားသည့် ထိုင်းနိုင်ငံအတွင်းမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများ နယ်စပ်ဂိတ်အသီးသီးသို့  ဖြတ်သန်းသွားလာခွင့်ရရှိရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့  နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများစာရင်းကို တင်ပြခွင့်ပြုချက်တောင်းနေခြင်းဖြစ်သည်။

အရင်က စာရင်းကောက်ထားတာက ပြန်မယ့်လုပ်သားအင်အားစာရင်းကို ကောက်တာပါ။ အခုနောက်ထပ် ကိုယ်ရေးအချက်အလက်ပို့ခိုင်းတာက အလုပ်သမားတွေအကုန်လုံး သူတို့ပြန်ဖို့  လိုအပ်တဲ့အချက်အလက်တွေနဲ့ ထိုင်းနိုင်ငံခြားရေးကို တင်ပြဖို့ရယ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့ကို ဖြတ်သန်းသွားလာခွင့်ပြုပြီဆိုရင် ကျွန်တော်တို့ လိုအပ်တာတွေ ဆောင်ရွက်ဖို့အတွက် သူတို့ဆီက ဖုန်းနံပါတ်တွေ ဘာတွေရအောင် ကောက်ယူတဲ့စာရင်းဖြစ်ပါတယ်

ဟု မြန်မာအလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက ပြောသည်။

မယ်ဆိုင် - တာချီလိတ်နယ်စပ်ဂိတ်မှ နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံတွင်းမှ မြန်မာနိုင်ငံသားများအနေဖြင့် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များကို  မြန်မာအလုပ်သမားသံအရာရှိရုံး https://www.facebook.com/myanmar.labour.office.thai/   သို့ မက်ဆေ့ပို့၍ လည်းကောင်း၊ မြန်မာအလုပ်သမားသံအရာရှိ၏ဖုန်း (+66) 099 059 2352 ၏ Viber သို့ လည်းကောင်း ပေးပို့နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

တစ်ဦးချင်းပြန်ချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ အလုပ်သမားသံအရာရှိရုံးဘက်က သံရုံးထောက်ခံစာေ တာ့ လာယူရမှာပေါ့နော်။ မယူရင် သူတို့ ထိုင်းနိုင်ငံဘက်ကလည်း နယ်စပ်ဖြတ်သန်းခွင့်ပေးမှာ မဟုတ်ဘူး။ နောက်တစ်ဦးချင်း ပြန်တာတွေဆိုရင် ဒီဘက်မှာ  တံတားဖြတ်ဖို့ ဒုက္ခရောက်မှာတွေ ဘာတွေနဲ့ဆိုရင် ကျွန်တော်တို့ ဘယ်လိုစီစဉ်ပေးရမလဲပေါ့။ အဲဒီရက်အတူတူမှာ ပြန်ခွင့်ရတဲ့သူတွေ စုမိမှာဆိုတော့ ကျွန်တော်တို့ဘက်က ကားစီစဉ်ပေးတာတွေ ဘာတွေလုပ်ပေးမှာပါ။ ကားခတွေ ပိုကုန်ကျတာမဖြစ်အောင် စီစဉ်ပေးရမှာပေါ့

ဟု မြန်မာအလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက ပြောသည်။

နေရပ်ပြန်လိုသူများအနေဖြင့် မြန်မာအလုပ်သမားသံအရာရှိရုံးသို့ အွန်လိုင်းမှနေ၍ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ ပေးပို့စာရင်းသွင်းနိုင်ကြမည်ဖြစ်ပြီး မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်မှ ပြန်လိုသူများအနေဖြင့်လည်း ဖုန်းဆက်ဆက်သွယ်မေးမြန်းလိုပါက ထိုင်းဖုန်းများဖြစ်သည့်  089-637-6367 နှင့် 090 053 2430 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် အမည်၊ ဖခင်အမည်၊ မြန်မာနိုင်ငံကူးလက်မှတ် သို့မဟုတ် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် အမှတ်၊ မြန်မာမှတ်ပုံတင်နံပါတ်၊ ဗီဇာအမျိုးအစား၊  အလုပ်ရှင်အမည်၊ အလုပ်ရှင်လိပ်စာ၊ အလုပ်အမျိုးအစား၊ ဖုန်းနံပါတ်၊  မြန်မာနိုင်ငံတွင်နေထိုင်သည့် လိပ်စာ၊ ထိုင်းနိုင်ငံတွင်  အလုပ်ပြန်လုပ်ရန် ရှိ၊မရှိ၊ ထိုင်းနိုင်ငံတွင်း လက်ရှိနေထိုင်သည့် ခရိုင်အမည်၊ မည်သည့်နယ်စပ်ဂိတ်မှသွားမည်၊ နယ်စပ်ဂိတ်သို့ စီးနင်းမည့်မော်တော်ယာဉ်အမှတ်နှင့် ယခင်က စာရင်းပေးထားခြင်းရှိ၊ မရှိတို့ကို မြန်မာအလုပ်သမားသံအရာရှိရုံးထံ ရေးသားပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ်အချက်အလက်များ သိလိုပါက ဦးမျိုးမြင့်နိုင်၊ အလုပ်သမားသံအရာရှိရုံး၊ ဘန်ကောက်မြို့

  • (+66) 094 884 5484၊ ဦးရဲရန်အောင်၊ အလုပ်သမားသံအရာရှိရုံး၊ ဘန်ကောက်မြို့
  • (+66) 065 220 6952၊ ဦးဝေလင်းမောင်၊ အလုပ်သမားသံအရာရှိရုံး၊ မဲဆောက်မြို့
  • (+66) 065 220 6953၊ ဦးကျော်စိုးဝေ၊ အလုပ်သမားသံအရာရှိရုံး၊ ရနောင်းမြို့
  • (+66) 065 220 6951၊ ဦးဇော်မင်းထွေး၊ အလုပ်သမားသံအရာရှိရုံး၊ ချင်းမိုင်မြို့
  • (+66) 099 059 2352 တို့သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~