ထိုင်းနိုင်ငံက နိုင်ငံတကာ ခရီးစဉ်များကို ဇွန်လကုန်ထိ ပိတ်လိုက်၍ MNA ၏ ဇွန်လအတွင်း ထိုင်းနိုင်ငံခရီးစဉ် ဝယ်ယူထားသူများ ပြန်လည် ဆက်သွယ်ရန်လို

ထိုင်းနိုင်ငံက နိုင်ငံတကာ ခရီးစဉ်များကို ဇွန်လကုန်ထိ ပိတ်လိုက်၍ MNA ၏ ဇွန်လအတွင်း ထိုင်းနိုင်ငံခရီးစဉ် ဝယ်ယူထားသူများ ပြန်လည် ဆက်သွယ်ရန်လို
မေ 19, 2020
By Tachileik News Agency

 ထိုင်းနိုင်ငံက နိုင်ငံတကာ ခရီးစဉ်များကို ဇွန်လကုန်ထိ ပိတ်လိုက်၍ MNA ၏ ဇွန်လအတွင်း ထိုင်းနိုင်ငံခရီးစဉ် ဝယ်ယူထားသူများ ပြန်လည် ဆက်သွယ်ရန်လို

COVID-19 ထိန်းချုပ်နိုင်ရန်အတွက် ထိုင်းနိုင်ငံသို့ နိုင်ငံတကာလေကြောင်းခရီးစဉ်များ  ပျံသန်းပြေးဆွဲခွင့် ယာယီ ပိတ်ပင်ခြင်းကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့အထိ တိုးလိုက်သဖြင့်  မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ထိုင်းနိုင်ငံခရီးစဉ် ဝယ်ယူထားသူများကို ခရီးစဉ်ပြောင်းခြင်းနှင့် လက်မှတ်ဖိုးငွေ ပြန်ပေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံက နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပျံသန်းခွင့်ကို ဇွန်လကုန်အထိ ယာယီပိတ်ထားသည့် ကာလအတွင်း နိုင်ငံတကာမှ နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများအား ခေါ်ဆောင်ရန်နှင့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရန်အတွက်သာ ပြည်ပခရီးစဉ်ပျံသန်းပြေးဆွဲခြင်းပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကို ၂၀၂၀ ခုနှစ်၊ မေလ (၃၁) ရက်နေ့အထိ သက်တမ်းတိုးမြှင့်ရန် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်ထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ ကန့်သတ်ကာလထပ်တိုးထားစဉ်အတွင်း နိုင်ငံတကာမှ နေရပ်ပြန်မြန်မာများအား ပြန်လည်ခေါ်ဆောင်ရန်အတွက်သာ ပြည်ပခရီးစဉ်ပျံသန်းမှုရှိပြီး ပြည်တွင်းခရီးစဉ်များအား လေကြောင်းလိုင်းအချို့မှ ပုံမှန်အတိုင်း ပြေးဆွဲပေးနေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~