မိုးသက်လေပြင်းကြောင့် မိုးနဲ - မောက်မယ် လမ်းပေါ်တွင် သစ်ပင်လဲကာ လမ်းပိတ်နေ၍ စုပေါင်းဖယ်ရှား

မိုးသက်လေပြင်းကြောင့် မိုးနဲ - မောက်မယ် လမ်းပေါ်တွင် သစ်ပင်လဲကာ လမ်းပိတ်နေ၍ စုပေါင်းဖယ်ရှား
မေ 11, 2020
By Tachileik News Agency

မိုးသက်လေပြင်းကြောင့် မိုးနဲ - မောက်မယ် လမ်းပေါ်တွင် သစ်ပင်လဲကာ လမ်းပိတ်နေ၍ စုပေါင်းဖယ်ရှား

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း  မိုးသက်လေးပြင်းတိုက်ခတ်မှုကြောင့် မိုးနဲ - မောက်မယ်သွားလမ်းပေါ်တွင် ကျွန်းပင် လဲကျကာ လမ်းပိတ်မိနေ၍ စုပေါင်းရှင်းလင်း ဖယ်ရှားခဲ့ရကြောင်းနှင့် ဟိုနမ့်ကျေးရွာအုပ်စုအတွင်း နေအိမ်အမိုးလန်မှုရှိနေ၍ စာရင်းကောက်ယူနေကြောင်း သိရသည်။

၂၀၂၀ခုနှစ် မေလ(၁၁)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မိုးနဲ - မောက်မယ် လမ်းပေါ်တွင် သစ်ပင် လဲကျပိတ်မိခြင်း ဖြစ်နေ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လျှပ်စစ် နှင့် ပြည်သူများ စုပေါင်း၍ ရှင်းလင်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဒီနေ့ ညနေမှာက သစ်ပင်လဲတယ်၊ ကျွန်းပင်ကြီးက ကားလမ်းမပေါ် ပိတ်လဲလိုက်လို့ ကျွန်တော်တို့ ညနေက မီးသတ်အဖွဲ့ရယ်၊ ကျွန်တော်တို့အဖွဲ့ရယ်၊ ရဲရယ် ချိန်းဆောနဲ့သွားရှင်းလိုက်တယ်။ သစ်ပင်က နှစ်ပင်လဲတာ

ဟု မောက်မယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦဟန်သူရက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁၁)ရက်နေ့တွင် ပြောသည်။

မေလ(၁၁)ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မောက်မယ်မြို့နယ်အတွင်း ဟိုနမ့်ကျေးရွာအုပ်စုတွင်လည်း နေအိမ်(၁၀)လုံး ဝန်းကျင် အမိုးလန်ကြောင်း သတင်းရ၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စာရင်းအတိအကျ ကောက်ယူနေနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓါတ်ပုံ - မြို့နယ် ထွေအုပ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~