မယ်ဆိုင် - တာချီလိတ်နယ်စပ်မှ နေရပ်ပြန်လိုသူများ အွန်လိုင်းမှစာရင်းသွင်းရန် အခက်အခဲရှိပါက ရုံးဖွင့်ချိန်များတွင် ကူညီမည်

မယ်ဆိုင် - တာချီလိတ်နယ်စပ်မှ နေရပ်ပြန်လိုသူများ အွန်လိုင်းမှစာရင်းသွင်းရန် အခက်အခဲရှိပါက ရုံးဖွင့်ချိန်များတွင် ကူညီမည်
မေ 25, 2020
By Tachileik News Agency

မယ်ဆိုင် - တာချီလိတ်နယ်စပ်မှ နေရပ်ပြန်လိုသူများ အွန်လိုင်းမှစာရင်းသွင်းရန် အခက်အခဲရှိပါက ရုံးဖွင့်ချိန်များတွင် ကူညီမည်

ထိုင်း - မြန်မာနယ်စပ်ဒေသ မယ်ဆိုင် - တာချီလိတ်နယ်စပ်ဂိတ်မှ နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံ မြောက်ပိုင်းအတွင်း (၉) ပြည်နယ်ရောက်  မြန်မာနိုင်ငံသားများအနက် အွန်လိုင်းမှ စာရင်းပေးသွင်းရန် အခက်အခဲရှိသူများ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ရုံးဖွင့်ရက်များတွင် နံနက် (၉)နာရီမှ နေ့လယ် (၁၂)နာရီအထိ လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

လူကိုယ်တိုင်လာရောက်ရန် အခက်အခဲရှိပါက ရုံးဖွင့်ရက်များတွင် နံနက် (၉)နာရီမှ နေ့လယ် (၁၂)နာရီအထိအချိန်အတွင်း တယ်လီဖုန်းအမှတ်၊ ၀၅၂- ၀၀၄၂၁၁၊ လိုင်းခွဲ ၁၈ သို့ တယ်လီဖုန်း ခေါ်ဆို၍ မှတ်ပုံတင်နိုင်ကြောင်း သိရသည်။

အင်တာနက်မှ စာရင်းသွင်းထားပြီးသူများ ထပ်မံစာရင်းပေးသွင်းရန်မလိုဘဲ အင်တာနက်မှ စာရင်းပေးသွင်းရန် အခက်အခဲရှိသူများအတွက် ယင်းကဲ့သို့ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်ရန်စာရင်းပေးသွင်းထားသည့် အမည်စာရင်းကို မြန်မာသံရုံး၊ ဗန်ကောက်မြို့နှင့် အလုပ်သမား သံအရာရှိရုံးတို့မှတစ်ဆင့် ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးဌာနသို့ ပေးပို့ကာ အတည်ပြုလာသည့် မြန်မာနိုင်ငံသား စာရင်းအား လက်ခံရရှိချိန်တွင် ပြန်လည်ဝင်ရောက်ရမည့် နေ့ရက်အား ထပ်မံအသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်၊ လန်ဖွန်း ပြည်နယ်၊ လန်ပန်းပြည်နယ်၊ ဥတ္တရာဒစ်ပြည်နယ်၊ ဖရာယ့်ပြည်နယ်၊ နမ်ပြည်နယ်၊ ဖယောင်းပြည်နယ်၊ ချင်းရိုင်ပြည်နယ်နှင့် မယ်ဟောင် ဆောင် ပြည်နယ်များတွင် ရောက်ရှိလျက်ရှိပြီး တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လိုသူများ အင်တာနက်(အွန်လိုင်း)မှ စာရင်းသွင်းရန်အခက်အခဲရှိသူများ ဆက်သွယ်ရန်လိုမည်ဖြစ်ကြောင်း  သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~