ကျန်းမာရေး၏ (၄)ရက်အတွင်း ဓါတ်ခွဲစစ်ဆေးချက်အရ မလေးရှားပြန် (၉)ဦးတွင် covid-19 ပိုးတွေ့

ကျန်းမာရေး၏ (၄)ရက်အတွင်း ဓါတ်ခွဲစစ်ဆေးချက်အရ မလေးရှားပြန် (၉)ဦးတွင် covid-19 ပိုးတွေ့
မေ 19, 2020
By Tachileik News Agency

ကျန်းမာရေး၏ (၄)ရက်အတွင်း ဓါတ်ခွဲစစ်ဆေးချက်အရ မလေးရှားပြန် (၉)ဦးတွင် covid-19 ပိုးတွေ့

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန နှင့် ဆေးသုတေသနဦးစီးဌာနတို့၏ မေလ(၁၆)ရက်နေ့မှ မေလ(၁၉)ရက်နေ့ နံနက်အထိ ဓါတ်ခွဲစစ်ဆေးမှု (၄)ရက်အတွင်း မလေးရှားနိုင်ငံမှ ပြန်လာပြီး အသွားအလာကန့်သတ်ထားသူ ( Quarantine ) များထဲက (၉)ဦးတွင် Covid-19 ပိုး ကူးစက်ခံထားရသည့် ဓါတ်ခွဲအဖြေ ရရှိကြောင်း သိရသည််။

မလေးရှားမှ ပြန်လာသူ တစ်ဦးဖြစ်သည့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှ အမျိုးသားတစ်ဦး(Case 182) တွင် covid-19 ပိုးတွေ့ရှိကြောင်း မေလ(၁၆)ရက်နေ့ နံနက်ပိုင်းက ဓါတ်ခွဲအဖြေရရှိပြီးနောက်၊ မေလ (၁၇)ရက်နေ့ ည(၈)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်မှ အမျိုးသားတစ်ဦး(Case 184) အား လည်းကောင်း၊ မေလ(၁၈)ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ(Case 186 & 187) အမျိုးသားနှစ်ဦး နှင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်မှ အမျိုးသားတစ်ဦီး(Case 185)အား လည်းကောင်း ၎င်းတို့တွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်သည်။

ဆက်လက်၍ မေလ(၁၈)ရက်နေ့ ညပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှ အမျိုးသားတစ်ဦီး(Case 188)အား လည်းကောင်း၊ မေလ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်မှ အမျိုးသားတစ်ဦး(Case 189)အားလည်းကောင်း၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ အမျိုးသားတစ်ဦး (Case 190)အား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ အမျိုးသားတစ်ဦး(Case 191)အားလည်းကောင်း ၎င်းတို့တွင် Covid-19 ပိုးတွေ့ရခြင်း ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံမှ ပြန်လာသူများထဲက covid-19 ပိုးတွေ့ရသူ တိုင်းဒေသကြီးနှင့်ပြည်နယ်(၇)ခုမှ (၉)ဦးသည် အမျိုးသားများ ဖြစ်ပြီး အသက်(၂၂)နှစ်မှ အသက်(၅၇)နှစ်အထိ အရွယ်များ ပါဝင်သည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၀ခုနှစ် မေလ(၁၉)ရက်နေ့ နံနက်ပိုင်းအထိ စစ်ဆေးချက်များတွင် covid-19 ပိုးတွေ့သူ စုစုပေါင်း (၁၉၁)ဦးရှိပြီး (၆)ဦးမှာ သေဆုံးသူဖြစ်ကာ ပြန်လည်သက်သာလာသူမှာ (၁၀၁)ဦး ရှိပြီ ဖြစ်ကြောင်း နှင့်  ဓါတ်ခွဲစစ်ဆေးခဲ့သည့် အရေအတွက်မှာ စုစုပေါင်း (၁၅,၁၃၇)ဦးရှိကြောင်း သိရှိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~