မကွေးမြို့ပေါ်ဈေးများ ပြန်ဖွင့်ရေး COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် ပြင်ဆင်နေ

မကွေးမြို့ပေါ်ဈေးများ ပြန်ဖွင့်ရေး COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် ပြင်ဆင်နေ
မေ 27, 2020
By Tachileik News Agency
မကွေးမြို့ပေါ်ဈေးများ ပြန်ဖွင့်ရေး COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် ပြင်ဆင်နေ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်ရှိ ဈေးကြီးများကို COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့်  ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေရာတွင် မူလဈေးတည်ဆောက်စဉ်က အနေအထားအရ တစ်ဦးနှင့် တစ်ဦး (၆) ပေခြားအကွာထားရန် အခက်အခဲရှိသဖြင့် (၃)ပေခြားဖြင့် စီစဉ်နေကြောင်း သိရသည်။

ကျန်းမာရေးဌာနက သတ်မှတ်ထုတ်ပြန်ထားတဲ့ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီခြင်းရှိ၊ မရှိ ကို မေလ (၂၇)ရက်နေ့က ဝန်ကြီးချုပ်ဦးဆောင်ပြီး လိုက်လံစစ်ဆေးခဲ့ကြပါတယ်။ ပြန်ဖွင့်ခွင့်ပြု၊ မပြုက ကျန်းမာရေးဌာနက ရောဂါပိုးတွေ့ရှိခြင်းရှိ၊ မရှိ ကြေညာချက်အပေါ်နဲ့  ဈေးကော်မတီနဲ့  ဈေးသူဈေးသားတွေ  စည်းကမ်းလိုက်နာမှုရှိ၊ မရှိအပေါ် မူတည်ပါတယ်။ တစ်ဆိုင်နဲ့တစ်ဆိုင် (၆) ပေ ကွာဖြစ်ဖို့က မူလတည်ဆောက်ခဲ့တဲ့ အနေအထားအရ အခက်အခဲရှိနေတာတော့တွေ့ရတယ်

ဟု မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးများကို ဧပြီလ (၁၂) ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ရာ မကွေးမြို့ရှိ ဈေး(၅)ခုကို  ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ရောဂါကာကွယ်နိုင်ရေး အစီအစဉ်များဖြင့် ပြင်ဆင်နေခြင်းဖြစ်သည်။

ဈေးဝင်ပေါက်များ၌ လက်ဆေးရန်နေရာများ စီစဉ်ပေးခြင်း၊ ဈေးသည်နှင့် ဈေးဝယ်အားလုံး Mask တပ်ကြရန်နှင့် ဈေးသည်များကို (၆)ပေခြားထားရန် အဆင်မပြေ၍ (၃)ပေခြားထားရန် စီစဉ်ထားကြောင်း သိရသည်။

ဈေးများပြန်လည်ဖွင့်လှစ်နိုင်ရေးမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်ရေးအစီအစဉ်များကို ဈေးကော်မတီနှင့် ဈေးသူဈေးသားများ လိုက်နာမှုရှိ၊ မရှိနှင့် COVID 19 အတည်ပြုလူနာ တွေ့ရှိမှုအခြေအနေများပေါ် မူတည်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~