မကွေးတိုင်းအတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်(၉၀)ကျော် လေဘေးသင့်

မကွေးတိုင်းအတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်(၉၀)ကျော် လေဘေးသင့်
မေ 28, 2020
By Tachileik News Agency
မကွေးတိုင်းအတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်(၉၀)ကျော် လေဘေးသင့် 

မကွေးတိုင်းအတွင်း မေလ(၂၇)ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့သော မိုးသက်လေပြင်းကြောင့် လူနေအိမ်(၉)လုံး ပြိုကျပျက်စီးကာ လူနေအိမ်(၉၄)လုံးနှင့် ဘာသာရေးအဆောက်အဦအချို့ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မေလ(၂၇)ရက် ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် မကွေးတိုင်းအတွင်း မြို့နယ်(၆)ခုက ကျေးရွာ (၂၀)လောက် လေဘေးသင့်ခံလိုက်ရပါတယ်။ လောလောဆယ် တက်လာတဲ့စာရင်းအရ  စုစုပေါင်း လူနေအိမ်(၉)လုံး ပြိုကျပျက်စီးပြီး အခြားလူနေအိမ်များနဲ့ ဘာသာရေးအဆောက်အဦအချို့ စုစုပေါင်း အလုံး (၉၀)ကျော်က တစ်စိတ်တစ်ပိုင်း ပျက်စီးမှုနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်

ဟု ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက မေလ(၂၈)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လေဘေးသင့်မှုကြောင့် မကွေးမြို့နယ်ရှိ ကျေးရွာ (၄)ရွာမှ ပြိုကျလူနေအိမ် (၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၈)လုံး၊ ဘာသာရေး အဆောက်အဦ ဘုန်းတော်ကြီးကျောင်း (၂)လုံး၊ ရေနံချောင်းမြို့နယ်ရှိ ကျေးရွာ(၇) ရွာ မှ ပြိုကျလူနေအိမ် (၁)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၂၄)လုံး၊ ဘာသာရေး အဆောက်အဦ ဘုန်းတော်ကြီးကျောင်း (၁)လုံး၊ မြို့သစ်မြို့နယ်ရှိ ကျေးရွာ (၃)ရွာမှ တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ် (၇)လုံး၊ နတ်မောက်မြို့နယ်ရှိ ကျေးရွာ(၁)ရွာမှ ပြိုကျလူနေအိမ်(၁)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေ အိမ်(၇)လုံး၊ ချောက်မြို့နယ်ရှိ ကျေးရွာ(၃)ရွာမှ ပြိုကျလူနေအိမ်(၅)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် အလုံး(၅၀) လတ်တလော စာရင်းကောက်ယူရရှိထားကြောင်း သိရသည်။

ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လုံးဝပြိုကျအိမ်ခြေများအတွက် အိမ်ဆောက်ပစ္စည်းဝယ်ယူနိုင်ရန် ကျပ် (၁)သိန်းနှုန်း၊ လူတစ်ဦး (၇) ရက်စာဆန်ဖိုး (၂၁၀၀) ကျပ်စီ၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေများအတွက် ဆုံးရှုံးမှုတန်ဘိုးအလိုက် ကျပ်(၉)သောင်းအထိ ထောက်ပံ့ပေးသွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

  Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~