Page Nav

HIDE

Page Nav

HIDE

Grid

GRID_STYLE

Grid

GRID_STYLE

Classic Header

{fbt_classic_header}

Header Ad

//

Breaking News

latest

ဆောင်းပါးများ

//

မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်းတွင် မိုးသက်လေပြင်းနှင့် မိုးကြိုးကြောင့် သေဆုံးသူ စုစုပေါင်း (၃)ဦးရှိ

မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်းတွင် မိုးသက်လေပြင်းနှင့် မိုးကြိုးကြောင့် သေဆုံးသူ   စုစုပေါင်း (၃)ဦးရှိ မကွေးတိုင်းဒေသကြီး၊ မ...


မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်းတွင် မိုးသက်လေပြင်းနှင့် မိုးကြိုးကြောင့် သေဆုံးသူ   စုစုပေါင်း (၃)ဦးရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိခံရ၍ လူ(၂)ဦး သေဆုံးပြီး (၁)ဦး မိုးကြိုးထိမှန်၍ သေဆုံးမှ ၂၀၂၀ခုနှစ် မေလ(၁၁)ရက်နေ့ က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ် ယင်းဆိပ်ကျေးရွာအနီးတွင်  မေလ(၁၁)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင်အချိန်က မိုးသက်လေပြင်းတိုက်ခတ်လာသည့်အတွက် အလုပ်လုပ်နေသည့် လူ(၄)ဦးသည်   အနီးရှိ တဲအိမ်အတွင်းသို့ ဝင်ရောက်ခိုးနေကြစဉ် တဲအိမ်ပေါ်သို့ လက်ပံပင်မှ သစ်ကိုင်းကျိုးကျပြီး ထန်းပင်ပါ လဲကျလာသည့်အတွက် (၂)ဦးမှာ သစ်ပင်ပိရ၍ သေဆုံးသွားပြီး ကျန်(၂)ဦးမှ ခြေနှင့်လက်များမှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ မကွေးမြို့နယ်မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊  လူမှုရေးအသင်းအဖွဲ့များ ရောက်ရှိကူညီခဲ့ကြပြီး ဒေသခံများလည်း ပူးပေါင်းပါဝင်ခဲ့ကြကာ ဒဏ်ရာရရှိသူ(၂)ဦးအား မကွေးတိုင်းဆေးရုံကြီးသို့ ပို့ဆောင်ပြီးနောက် သေဆုံးသူ(၂)ဦးကို ရင်ခွဲရုံသို့ ည (၁၀)နာရီခွဲ အချိန်ခန့်က ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် မိုးသက်လေပြင်းကျရောက်စဉ် မကွေးခရိုင်၊ မြို့သစ်မြို့နယ် ရေပြည့်ကျေးရွာအုပ်စု၊ နတ်ရွာကျေးရွာတွင်လည်း အသက်(၇၀)ဝန်းကျင်ရှိ ဇနီးမောင်နှံ(၂)ဦးမှာ နေအိမ်ဝန်းအတွင်း ရေမြောင်းဖော်နေစဉ်  အမျိုးသားမှာ  မိုးကြိုးပစ်ခံရ၍ သေဆုံးသွားပြီး ဇနီးဖြစ်သူမှာမူ သတိလစ်သွားကြောင်း မြို့သစ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် မေလ(၁၁)ရက်နေ့က ကယားပြည်နယ် ဒီးမော့ဆိုတွင် မိုးကြိုးထိမှန်၍ သေဆုံးသူ(၃)ဦး၊ ရှမ်းပြည်နယ် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်တွင် မိုးကြိုးထိမှန်၍ သေဆုံးသူ(၁)ဦး နှင့် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်အတွင်း မိုးကြိုးထိမှန်၍ သေဆုံးသူ (၁)ဦး စုစုပေါင်း တစ်နေ့တည်း မိုးကြိုးထိမှန်၍ သေဆုံးသူ (၅)ဦး ရှိကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း







~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~


Header Ad

//