လာအိုနိုင်ငံဘက်က နေရပ်ပြန်လိုသူ (၁၇၀)ကျော်ကို တာချီလိတ်တွင် လက်ခံပေးရန် စီစဉ်နေ

လာအိုနိုင်ငံဘက်က နေရပ်ပြန်လိုသူ (၁၇၀)ကျော်ကို တာချီလိတ်တွင် လက်ခံပေးရန် စီစဉ်နေ
မေ 5, 2020
By Tachileik News Agency
လာအိုနိုင်ငံဘက်က နေရပ်ပြန်လိုသူ (၁၇၀)ကျော်ကို တာချီလိတ်တွင် လက်ခံပေးရန် စီစဉ်နေ

လတ်တလောမှာ Covid-19 ရောဂါအခြေအနေကြောင့် အခက်အခဲ ဖြစ်နေပြီး နေရပ်ပြန်လာချင်တဲ့ လာအိုနိုင်ငံတွင်းက မြန်မာနိုင်ငံသား (၁၇၇)ဦးကို တာချီလိတ်ဘက်က ၂၀၂၀ခုနှစ် မေလ(၈)ရက်နေ့ နံနက်ပိုင်းမှာ တာချီလိတ်မှာရှိတဲ့ ဝမ်ပုံဆိပ်ကမ်းကနေ လက်ခံပေးဖို့ စီစဉ်နေပါတယ်။

လာအိုနိုင်ငံဘက်မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကလည်း ပြန်လာချင်သူတွေရဲ့ စာရင်းကို ကောက်ခံပေးတာတွေ ဆိပ်ကမ်းအထိ အရောက် သုံးဘီးဆိုင်ကယ်တွေ ကားတွေနဲ့  အခမဲ့ ပို့ဆောင်ပေးဖို့တွေ စီစဉ်နေကြပါတယ်။

လာအိုဘက်ကနေ တာချီလိတ်ဘက်ကို ပြန်ရောက်လာတဲ့ သူတွေအနေနဲ့ မိမိတို့ ဒေသကို ပြန်နိုင်ရန်အတွက် တာချီလိတ်ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီက ကားစီစဉ်တာတွေ ဆောင်ရွက်ပေးမှာ ဖြစ်ပေမဲ့ ကားခကတော့ ကျသင့်သလောက် မိမိတို့ အစီစဉ်နဲ့ ယာဉ်လိုင်းတွေကို ပေးရမှာ ဖြစ်ပါတယ်၊

မြန်မာ - လာအိုနယ်စပ်ဒေသ ဖြစ်တဲ့  ရွှေတြိဂံဒေသ လာအိုနိုင်ငံဘက်မှာ သွားရောက်နေထိုင် အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ လူဦးရေ (၅၀၀၀)ကနေ (၈၀၀၀)ဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။

 Tachileik News Agency
တင်ဆက် - ကိုဇောင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~