မြန်မာ - လာအိုနယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

မြန်မာ - လာအိုနယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး
မေ 21, 2020
By Tachileik News Agency
မြန်မာ - လာအိုနယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင်  နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

မြန်မာ - လာအိုနယ်စပ်ဒေသ၊ တာချီလိတ်ခရိုင်အတွင်း ကျိုင်းလပ်မြို့တွင်ရှိ နေအိမ် တစ်အိမ်၏ အပေါ်ထပ်တွင် ခြင်ဆေးခွေမှတဆင့် အိပ်ယာခင်းသို့ မီးကူးစက်လောင်ကျွမ်းရာက နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ အမှတ်(၃)ရပ်ကွက်အတွင်း ဝမ်ကျင်းကျေးရွာတွင် ၂၀၂၀ခုနှစ် မေလ(၂၁)ရက်နေ့ နံနက်(၈)နာရီ ဝန်းကျင်အချိန်က နေအိမ် အိပ်ခန်းအတွင်း ထွန်းထားသည့် ခြင်ဆေးခွေမီးမှ တဆင့် အိပ်ယာခင်းသို့ ကူးစက်ရာမှ မီးလောင်ကျွမ်းကာ ပျဉ်ခင်း ပျဉ်ကာ ခြေတံရှည်အိမ် (၁)လုံး  မီးလောင်ကျွမ်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

ကလေး ကျန်ခဲ့တယ်ပြောတယ်။ သူ့အဖေက အလုပ်ကို သွားလိုက်တာ၊ အဲ့ဒါနဲ့ ခြင်ဆေးခွေက စပြီး လောင်တာပေါ့၊  ကလေးဆိုပေမဲ့ အဲ့ကလေးက ကြီးပြီ၊  လူတို့ တိရစ္ဆာန်တို့ ထိခိုက်တာ ဘာမှမဖြစ်ဘူး၊   ခြင်ဆေးခွေကို မီးထွန်းထားရာကနေ အပေါ်ထပ်က စလောင်တာ၊ ပြီးမှ အောက်ကို လောင်တာမီးကလည်း တစ်အိမ်တည်းပဲ နောက်အိမ်ကို ကူးမသွားဘူး

ဟု ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလောင်မှုဖြစ်ပွားရာ နေအိမ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ ကျိုင်းလပ်မြို့ ဒုတိယ ဦးစီးမှူး ဦးဟိန်းကျော်မိုး နှင့် တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် ရပ်ကွက်နေ ပြည်သူများ စုပေါင်း၍ ငြှိမ်းသတ်ခဲ့ရာ (၈)နာရီခွဲ ဝန်းကျင်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် အိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားသော်လည်း လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရှိရသည်။
 Tachileik News Agency
ဓါတ်ပုံ - ကျိုင်းလပ် ပြန်/ဆက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~