COVID-19 ကာလအတွင်း ကယားပြည်နယ်အတွင်း လာရောက်မည့်သူများနှင့် ပြည်နယ်ပြင်ပ သွားရောက်မည့်သူများ ခရီးသွား ထောက်ခံချက်ပါမှ သွားလာခွင့်ရမည်

COVID-19 ကာလအတွင်း ကယားပြည်နယ်အတွင်း လာရောက်မည့်သူများနှင့် ပြည်နယ်ပြင်ပ သွားရောက်မည့်သူများ ခရီးသွား ထောက်ခံချက်ပါမှ သွားလာခွင့်ရမည်
မေ 10, 2020
By Tachileik News Agency

COVID-19 ကာလအတွင်း ကယားပြည်နယ်အတွင်း လာရောက်မည့်သူများနှင့် ပြည်နယ်ပြင်ပ သွားရောက်မည့်သူများ ခရီးသွား ထောက်ခံချက်ပါမှ သွားလာခွင့်ရမည်

ကယားပြည်နယ်အတွင်း လာရောက်မည့်သူများနှင့် ပြည်နယ်ပြင်ပသွားရောက်မည့်သူများ ခရီးသွားထောက်ခံချက်ပါမှ ဝင်ထွက်ခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ကယားပြည်နယ်၏ မြို့နယ်အဝင်/အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွား ထောက်ခံချက်များ စစ်ဆေးခြင်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်တွင်းသို့ လာရောက်သူများဖြစ်စေ၊ ပြည်နယ်တွင်းမှ ပြင်ပသို့သွားရောက်သူများဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများမှ (၁)ပတ်အတွင်း ထုတ်ပေးထားသည့် ခရီးသွား ထောက်ခံချက်များကို ယူဆောင်လာကြရမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် ၂၀၂၀ ခုနှစ်၊ မေလ (၁၀)ရက်နေ့အထိ COVID 19 ပိုးတွေ့ရသူမရှိသေးဘဲ ဓါတ်ခွဲအဖြေစောင့်နေဆဲ စောင့်ကြည့်လူနာ (၁)ဦးသာရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~