နောင်ချိုဘက်မှ ကျောက်မဲဘက်သို့ လာသည့် (၆)ဘီးကားပေါ်က တရားမဝင် သစ်များ ဖမ်းမိ

နောင်ချိုဘက်မှ ကျောက်မဲဘက်သို့ လာသည့် (၆)ဘီးကားပေါ်က တရားမဝင် သစ်များ ဖမ်းမိ
မေ 14, 2020
By Tachileik News Agency
နောင်ချိုဘက်မှ ကျောက်မဲဘက်သို့ လာသည့် (၆)ဘီးကားပေါ်က တရားမဝင် သစ်များ ဖမ်းမိ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ အိုရီယမ်တယ်တိုးဂိတ်တွင် ၂၀၂၀ ခုနှစ်၊ မေလ (၁၃) ရက်နေ့က  နောင်ချိုဘက်မှ ကျောက်မဲဘက်သို့ မောင်းနှင်လာသည့် (၆) ဘီးယာဉ်တစ်စီးပေါ်မှ တရားမဝင် တင်ဆောင်လာသော ပိတောက်သစ်၊ တမလန်းသစ်များကို ဖမ်းမိကြောင်း သိရသည်။

ကျောက်မဲတိုးဂိတ်၌ စစ်ဆေးရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ် နံနက် (၄)နာရီခွဲဝန်းကျင်က နောင်ချိုဘက်မှ ကျောက်မဲဘက်သို့လာသော  CANDA အဖြူရောင်  (၆)ဘီးယာဉ်တစ်စီးအား တာဝန်ရှိသူများ ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရာ ပိတောက် ဓါးရွေ (၄၃) တုံး၊ တမလန်းဓါးရွေ (၉) တုံး၊ စုစုပေါင်း သစ်တန်ချိန်(၂.၄၇) အား စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင်သစ်များနှင့် မော်တော်ယာဉ်အား ကျောက်မဲမြို့နယ်သစ်တောဦးစီးဌာနရုံးဝန်းတွင် ထိန်းသိမ်း ထားရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ကျောက်မဲမြို့မရဲစခန်းတွင် သစ်တောဥပဒေ ပုဒ်မ ၄၂ ( က )ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -  စစ်ဆေးရေးအဖွဲ့


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~