ကျောက်မဲမြို့တွင် တရုတ်နိုင်ငံမှ ပြန်လာသူ (၁)ဦး အပါအဝင် စောင့်ကြည့်သံယလူနာ (၂)ဦး ထပ်တိုး

ကျောက်မဲမြို့တွင် တရုတ်နိုင်ငံမှ ပြန်လာသူ (၁)ဦး အပါအဝင် စောင့်ကြည့်သံယလူနာ (၂)ဦး ထပ်တိုး
မေ 12, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် တရုတ်နိုင်ငံမှ ပြန်လာသူ (၁)ဦး အပါအဝင် စောင့်ကြည့်သံယလူနာ (၂)ဦး ထပ်တိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း ကျေးရွာ(၂)ရွာမှ တရုတ်နိုင်ငံမှ ပြန်လာသူ တစ်ဦး အကျဉ်းထောင်မှ လွတ်လာသူ တစ်ဦးတို့သည် ဖျားနားချောင်းဆိုးနေ၍ မေလ(၁၁)ရက်နေ့က စောင့်ကြည့်သံသယလူနာအဖြစ် ကျောက်မဲဆေးရုံက သတ်မှတ်ထားကြောင်း သိရသည်။

ဒီနေ့က isolation ward မှာ (၂)ယောက် တိုးပါတယ်။ ကျွဲကုန်းကျေးရွာက (၃၇)နှစ်အရွယ် အမျိုးသမီးနဲ့ ခမ်းဆာကျေးရွာက (၂၆)နှစ်အရွယ် အမျိုးသားပါ။ ကျွဲကုန်းက အမျိုးသမီးဖြစ်သူက ဖျားနာနေတာရယ် ခမ်းဆာက အမျိုးသားက ချောင်းဆိုးပြီး ရင်ကျပ်နေတာရယ်ကြောင့် သံသယ စောင့်ကြည့်အဖြစ် ထားလိုက်တာ ဖြစ်ပါတယ်

ဟု  ကျောက်မဲခရိုင်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဒေါက်တာနန်းရီလှိုင်ဦးက  ပြောသည်။

ကျောက်မဲပြည်သူ့ဆေးရုံရှိ သံသယ စောင့်ကြည့်ကုသဆောင် ( isolation ward ) တွင် ၂၀၂၀ ခုနှစ် မတ်လ (၂၈)ရက်မှ မေလ (၁၂)ရက် မနက်ပိုင်းအထိ သံသယစောင့်ကြည့်လူ စုစုပေါင်း (၇၃)ဦး ရှိခဲ့ရာ လက်တလောတွင် စောင့်ကြည့်လူနာ (၆)ဦး ရှိကြောင်း ခရိုင်ပြည်သူ့ဆေးရုံ တာဝန်ရှိသူထံက သိရသည်။

 ကျောက်မဲမြို့ရှိ အမှတ် (၁)(၂)(၃)အခြေခံပညာအထက်တန်း ကျောင်းများတွင် Facility Quarantine အဖြစ်ထားရှိထားသည့် ပြည်ပပြန်သူများ၊ စောင့်ကြည့်ခံများ စုစုပေါင်း (၇၀)ဦးဝန်းကျင် ရှိကြောင်းလည်း သိရှိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~