ကျောက်မဲမြို့တွင် ခရီးသည်တင် ယာဉ် နှင့် ကုန်တင်ယာဉ်များ Covid-19 ကာကွယ်ရေး စည်းကမ်းများကို လိုက်နာခြင်း ရှိ မရှိ အဖွဲ့စုံဖြင့် စစ်ဆေး

ကျောက်မဲမြို့တွင် ခရီးသည်တင် ယာဉ် နှင့် ကုန်တင်ယာဉ်များ Covid-19 ကာကွယ်ရေး စည်းကမ်းများကို လိုက်နာခြင်း ရှိ မရှိ အဖွဲ့စုံဖြင့် စစ်ဆေး
မေ 11, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် ခရီးသည်တင် ယာဉ် နှင့် ကုန်တင်ယာဉ်များ Covid-19 ကာကွယ်ရေး စည်းကမ်းများကို လိုက်နာခြင်း ရှိ မရှိ အဖွဲ့စုံဖြင့် စစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)  ကျောက်မဲမြို့မှ ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်များနှင့် ကုန်တင်ယာဥ်များအားလုံး  Covid-19 ကာကွယ်ရေး စည်းကမ်းများကို လိုက်နာမှု ရှိ/မရှိ မေလ (၁၁)ရက် နံနက်ပိုင်းက အဖွဲ့စုံဖြင့် စစ်ဆေးခဲ့ကြသည်။

"Covid-19 ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ပတ်သက်လို့ ကာကွယ်ရေးကော်မတီက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမှု ရှိမရှိ ကျောက်မဲကနေ မုံရွာကို ဒီနေ့ စတင်ပြေးဆွဲတဲ့`ရွှေချမ်းသာ´ခရီးသည်တင် ယာဥ်လိုင်းက ယာဥ်မောင်းနဲ့ ခရီးသည်တွေကို စစ်ဆေးတာ ဖြစ်ပါတယ်၊ အခြားယာဥ်လိုင်းတွေ ပြန်ဆွဲတဲ့အခါလဲ စစ်ဆေးသွားမှာပါ"ဟု ကျောက်မြို့နယ် ယာဥ်လိုင်းပေါင်းစုံ ကြီးကြပ်ရေးကော်မတီမှကော်မတီ ဥက္ကဌ ဦးလှရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမှ အခြားမြို့များသို့ ထွက်ခွာပြေးဆွဲနေသည့် ခရီးသည်တင် ယဉ်လိုင်းများအနေဖြင့် Covid-19 ကာကွယ်နေသည့် ကာလအတွင်း ကုန်ပစ္စည်းသီးသန့်သာ တင်ဆောင်ပြေးဆွဲထားစေပြီး မေလ (၁၁)ရက်နေ့တွင် ကျောက်မဲ-မုံရွာ ခရီးသည်တင်ယာဥ်လိုင်းတစ်ခု စတင် ပြန်လည်ပြေးဆွဲခွင့် ရထားခြင်းဖြစ်သည်။

ခရီးသည်တင် ယာဥ်ငယ်များ အနေဖြင့် ခရီးသည်များကို (၃)ပေစီခွာ၍ စီးနင်းစေခြင်း၊ ယာဥ်မောင်း နှင့် ခရီးသည်များ နှာခေါင်းစည်း ( Mask ) တပ်ဆင်စေခြင်း၊ ယာဥ်မထွက်ခွာမှီနှင့် ဆိုက်ရောက်ချိန်တွင် ယာဥ်အတွင်း၊ အပြင်အား ပိုးသတ်ဆေးဖြန်းစေခြင်းစသည်တို့ကို covid ကာလ စတင်စဥ် ကတည်းက ပုံမှန်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ  - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~