ကျောက်မဲမြို့တွင် လက်ဖက်ရည်ဆိုင်ရှိ မီးအားမြှင့်စက် အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားရာမှ ဘေးဆိုင်သို့ ကူးစက်လောင်ကျွမ်းလ

ကျောက်မဲမြို့တွင် လက်ဖက်ရည်ဆိုင်ရှိ မီးအားမြှင့်စက် အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားရာမှ ဘေးဆိုင်သို့ ကူးစက်လောင်ကျွမ်းလ
မေ 6, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် လက်ဖက်ရည်ဆိုင်ရှိ မီးအားမြှင့်စက် အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားရာမှ ဘေးဆိုင်သို့ ကူးစက်လောင်ကျွမ်း

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် မေလ(၆)ရက် နံနက်အစောပိုင်းက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘေးကပ်လျက်ရှိ အလှကုန်ဆိုင်နှင့် အလှ ပြင်ဆိုင်ကို မီးကူးစက်စက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့၊ အောင်ဆန်းလမ်း နှင့် ပုလဲလမ်း ထောင့်အနီးရှိ တက်နေဝင်း လက်ဖက်ရည်ဆိုင်တွင် ၂၀၂၀ခုနှစ် မေလ (၆)ရက်နေ့အကူး နံနက်(၁)နာရီဝန်းကျင်အချိန်က  မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့၏ စစ်ဆေးချက်အရ လက်ဖက်ရည်ဆိုင်ရှိ မီးအားမြှင့်စက်အား လက်လှည့် / Manual ဖြင့် မီးအားမြှင့်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု စတင် ဖြစ်ပွားသည်ဟု သိရှိရပြီး မီးလောင်မှုကြောင့် လက်ဖက်ရည် ဆိုင်ဘေးရှိ `ယမင်း´အလှကုန်ဆိုင် နှင့် VENUS အလှပြင်ဆိုင်တို့ပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် တက်နေဝင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင်ဖြစ်သူ ဦးရှမင်းပိုင် အား ပုဒ်မ-၂၈၅ ( မီးပေါ့ဆမှု )ဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူရန်ဆောင်ရွက်နေသည်ဟု သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~