ကျောက်မဲမှ စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း (၁၀) ဦး၏ ဓါတ်ခွဲ နမူနာများ ပို့ဆောင် စစ်ဆေးသွားမည်

ကျောက်မဲမှ စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း (၁၀) ဦး၏ ဓါတ်ခွဲ နမူနာများ ပို့ဆောင် စစ်ဆေးသွားမည်
မေ 27, 2020
By Tachileik News Agency
ကျောက်မဲမှ စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း (၁၀) ဦး၏ ဓါတ်ခွဲ နမူနာများ ပို့ဆောင် စစ်ဆေးသွားမည်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံတွင် ၂၀၂၀ ခုနှစ်၊ မေလ (၂၇) ရက်နေ့ နံနက်က  သေဆုံးသွားသည့် လူနာအမျိုးသမီး အပါအဝင်  ဆေးရုံမှ စောင့်ကြည့်လူနာ (၃)ဦးနှင့် အသွားအလာကန့်သတ်ထားသူ (၇)ဦးတို့၏ ဓါတ်ခွဲနမူနာများကို ရန်ကုန်ပို့စစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဲဒီ အသက် (၃၂) နှစ်အရွယ် အမျိုးသမီးက နောင်ပိန်ဆေးရုံကနေ ဖျားနာ၊ လည်ချောင်းနာ၊ ဝမ်းလျှောဖြစ်လို့ (၂၆) ရက်နေ့ ညနေက ကျောက်မဲကို လွှဲပို့ လာတာ။ (၂၇) ရက်နေ့ မနက်အစောမှာ ဆုံးသွားတယ်။  သူသေဆုံးရတဲ့ အကြောင်းရင်း တိတိကျကျကို အခုစစ်ဆေးနေဆဲပဲရှိပါသေးတယ်

ဟု  ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုခရိုင်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာနန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လူနာအမျိုးသမီးကို သံသယစောင့်ကြည့်လူနာသတ်မှတ်ကာ ဓါတ်ခွဲစစ်ဆေးမည်ဖြစ်၍ လူနာကို နောင်ပိန်ဆေးရုံမှ သွားသယ်လာပေးသည့် လူမှုကူညီရေးအသင်းမှ အသင်းသား (၃)ဦးကိုလည်း နောင်ပိန်တွင် အသွားအလာကန့်သတ်ထားရှိကြောင်း သိရသည်။

“ကျောက်မဲကို လူနာပို့ရမယ်ဆိုတော့  Covid-19 သံသယလားလို့ မေးတယ်။ ဆေးရုံက ဆရာမတွေက ဒီတိုင်း လူနာပဲဆိုလို့ PPE မဝတ်ပဲ N95 ရယ်၊ လက်အိတ်ရယ်ပဲဝတ်ပြီး အသင်းသား (၂) ဦးနဲ့ အတူသယ်သွား ပို့လိုက်တာ။ ကျောက်မဲရောက်ပြီး စစ်ဆေးပြီးတဲ့အချိန်ကျ အဲဒီအမျိုးသမီးက Isolation Ward မှာ ဝင်ရတယ်။ အဲဒါကြောင့် အသင်းကားကိုလည်း ပိုးသတ်ဆေးဖြန်းပြီး ကျွန်တော်တို့ (၃) ယောက်လည်း နောင်ပိန်ဓမ္မာရုံမှ Quarantine ဝင်လိုက်ပါတယ်” ဟု လူနာသယ်ပေးသည့် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်)မှ ကိုစိုင်းနေအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံရှိ Covid-19 သံသယစောင့်ကြည့်လူနာ အမျိုးသား (၂)ဦးရှိနေပြီး ယနေ့နံနက်ပိုင်းတွင် သေဆုံးသွားသည့် အမျိုးသမီးကိုလည်း စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း -  နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~