တာချီလိတ်တွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို တစ်နေ့လျှင် (၅၀)ဦးနှုန်း ထိုးနှံပေးခြင်းအဖြစ် မေလ(၁၈)ရက်နေ့ စတင်မည်

တာချီလိတ်တွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို တစ်နေ့လျှင် (၅၀)ဦးနှုန်း ထိုးနှံပေးခြင်းအဖြစ် မေလ(၁၈)ရက်နေ့ စတင်မည်
မေ 17, 2020
By Tachileik News Agency
တာချီလိတ်တွင် အသက်(၂)လမှ  (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို တစ်နေ့လျှင် (၅၀)ဦးနှုန်းဖြင့် မေလ(၁၈)ရက်နေ့ စတင်မည်

Covid-19 ကာလအတွင်း ရပ်နားခဲ့ရသည့် ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းအစီအစဉ်ကို တာချီလိတ်တွင် တစ်နေ့လျှင် (၅၀)ဦးစီ ထိုးနှံပေးခြင်းအဖြစ် ၂၀၂၀ခုနှစ် မေလ(၁၈)ရက်နေ့ နံနက်(၉)နာရီတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

"ဒီကြားထဲမှာ covid -19 ကာလအတွင်း ရွှေ့ဆိုင်းထားပေမဲ့လည်း သူ့ပုံမှန်အတိုင်းပဲ ပြန်သွားမှာ အသက် (၁)နှစ်အောက်ဆိုရင် ထိုးရမဲ့ သူ့ဆေးအတိုင်းပဲ ပြန်ထိုးမှာ၊ အခုလောလောဆယ် တစ်နေ့ကို အယောက်(၅၀) ကန့်သတ်ပြီးတော့ ထိုးပေးသွားမယ်၊ မနက်(၉)နာရီက နေ့လည်(၁၂)နာရီအထိပါ။"ဟု တာချီလိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးဇော်လင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁၇)ရက်နေ့တွင် ပြောသည်။

အသက်(၂)လမှ အသက်(၁)နှစ်ခွဲအတွင်း ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း နှင့် ဆေးတိုက်ခြင်း အစီအစဉ်ကို တာချီလိတ်တွင် ယခင်က ဆေးရုံဟောင်းအတွင်းရှိ  မိခင်နှင့်ကလေးကျန်းမာရေး‌ ဌာနတွင် ထိုးနှံပေးခြင်း ဖြစ်သော်လည်း ယခုအခါမှာ Covid-19 အတွက် ကုသခန်းထားရှိသည့် နေရာနှင့် နီးနေခြင်းကြောင့် နေရာရွှေ့ပြောင်းထား၍ ဆေးရုံဟောင်းအတွင်းရှိ ကျောင်းကျန်းမာရေးဌာန နေရာတွင် ထိုးနှံပေးရန် စီစဉ်ထားကြောင်း သိရသည်။

"နေရာဟောင်းမှာက Isolation Ward နဲ့ အရမ်းနီးလို့ နေရာရွှေ့လိုက်တာ၊ ကျောင်းကျန်းမာရေးအဆောက်အဦးမှာ ထိုးမှာ။ အဲ့နေ့မှာ လူတွေလည်း အများကြီးရှိ နေလိမ့်မယ်၊ ကျောင်းမှာရေးဌာန ဆိုင်းဘုတ်လည်းရှိတယ်၊ နှင်းဆီလမ်းကနေ ဝင်လာရင် ရတယ်"ဟု ကျန်းမာရေးမှူး အဆင့်(၁) ဦးဇော်လင်းဦးက ပြောသည်။

ယာယီပြောင်းရွှေ့ထားသည့် နေရာသည် ဆေးရုံဟောင်းအတွင်းမှာပင်ဖြစ်သော်လည်း အထက(တာချီလိတ်)ကျောင်းရှေ့ နှင်းဆီလမ်းကြားမှ ဝင်ရောက်ရမည်ဖြစ်ပြီး ပြောင်းရွှေ့နေရာအား မတွေ့ရှိသူများအနေဖြင့်  ဖုန်း ၀၉၄ ၅၂၂ ၁၀၃၃၀ နှင့် ၀၉၂ ၅၃၅ ၂၅၀၇၇ သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~