KIO/KIA အတွက် တပ်မတော်က COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့

KIO/KIA အတွက် တပ်မတော်က COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့
မေ 20, 2020
By Tachileik News Agency

KIO/KIA အတွက် တပ်မတော်က COVID-19  ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့

 KIO/KIA အတွက် တပ်မတော် အကူအညီပေးသည့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် စားနပ်ရိက္ခာတို့ကို ၂၀၂၀ ခုနှစ်၊ မေလ (၂၀)ရက်နေ့၌ KIO/KIA ဌာနချုပ်အနီးရှိ မိုင်ဆာပါဒေသသို့ သွားရောက်ပေးအပ်ကြောင်း သတင်းထုတ်ပြန်သည်။

တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ လှူဒါန်းသည့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုပစ္စည်းများကို  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် တာဝန်ရှိသူများက တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် လိုင်ဇာအနီးရှိ မိုင်ဆာပါဒေသသို့ သွားရောက်ပေးအပ်လှူဒါန်းခဲ့ရာ KIO/KIA(အဖွဲ့) ဒုတိယဥက္ကဌ ဗိုလ်ချုပ်ဂွန်မော်၊ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ်နှင့် တာဝန်ရှိသူများက ကြိုဆိုကြကြောင်း သိရသည်။

COVID-19   ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူ  ပစ္စည်းများဖြစ်သည့် Surgical Mask  (၂၀,၀၀၀) ခု၊ N95 Mask (၁,၀၀၀) ခု၊ Face Shield(၂၅၀) ခု၊ Bleaching Powder (၅) ပုံး၊ Personal Protective Equipment (PPE)  ဝတ်စုံ (၅၀၀) စုံ၊ Surgical Gloves  (၁,၀၀၀ ) ခု၊ Hand Gel  (၁၅၀) ဘူး၊ Hand Sanitizer (၁၅၀) ဘူးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာလက်ဆောင်စားသောက်ဖွယ်ရာများကို တပ်မတော်က ပေးပို့ရာ KIO/KIA ကလည်း အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြောင်း သိရသည်။

KIO/KIA အနေဖြင့် COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တက်နိုင်သရွေ့ဆောင်ရွက်နေသော်လည်း ပြည့်စုံမှု မရှိသေးချိန်တွင် တပ်မတော်မှ လှူဒါန်းမှုအပေါ် အထူးဝမ်းမြောက်ဝမ်းသာဖြစ်ရပြီး COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကာ ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းများမှ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပိုမိုဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း KIO ဗဟိုကော်မတီကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်ဟု သိရသည်။
 
တပ်မတော်သည် COVID-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီသည့်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ တပ်မတော်ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဖျန်းပေးခြင်းအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများသို့ ဆေးရုံသုံး ပစ္စည်းများ ပေးပို့လှူဒါန်းခြင်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။

 Tachileik News Agency
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~