တာချီလိတ်မှ အသည်းရောင်ဘီပိုး တတိယအကြိမ်ထိုးနှံရမည့်သူများ နောက်ဆုံးနေ့အဖြစ် အောင်မြတ်ခန်းမ၌ လာရောက်ထိုးနှံနိုင်

တာချီလိတ်မှ အသည်းရောင်ဘီပိုး တတိယအကြိမ်ထိုးနှံရမည့်သူများ နောက်ဆုံးနေ့အဖြစ် အောင်မြတ်ခန်းမ၌ လာရောက်ထိုးနှံနိုင်
မေ 18, 2020
By 🌸

တာချီလိတ်မှ အသည်းရောင်ဘီပိုး တတိယအကြိမ်ထိုးနှံရမည့်သူများ နောက်ဆုံးနေ့အဖြစ် အောင်မြတ်ခန်းမ၌ လာရောက်ထိုးနှံနိုင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသည်းရောင်ဘီပိုး ကာကွယ်ဆေး အခမဲ့ထိုးနှံပေးသည့် အစီအစဉ်မှ တတိယအကြိမ်ကာကွယ်ဆေးထိုးရမည့်သူများကို ၂၀၂၀ ခုနှစ်၊ မေလ(၁၈)ရက်နေ့တွင် နောက်ဆုံးနေ့အဖြစ် အောင်မြတ်ခန်းမတွင် ထိုးနှံပေးနေ၍ ကာကွယ်ဆေးနောက်ဆုံးအကြိမ် ထိုးနှံရန်ကျန်နေသူများ လာရောက်ထိုးနှံနိုင်ကြောင်း သိရသည်။

COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန် မေလ (၁၄) ရက်နေ့မှ မေလ (၁၈)ရက်နေ့အထိ ရပ်ကွက်အပိုင်းလိုက်ခွဲ၍ ထိုးနှံပေးနေခြင်းဖြစ်သော်လည်း မိမိရပ်ကွက်အလှည့်ကျော်သွား၍ ကာကွယ်ဆေးမထိုးလိုက်ရသူများကျန်ရှိပါက မေလ (၁၈)ရက်နေ့ ညနေ (၄)နာရီအထိ လာရောက်ထိုးနှံနိုင်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးမှာ မဟာမြတ်မုနိကျောင်းတိုက်တွင် ပထမအကြိမ် အခမဲ့ကာကွယ်ဆေးထိုးနှံခဲ့ပြီး မြသဟာ (အဆွေတော်)ဆေးရုံ၌ ဒုတိယအကြိမ် အခမဲ့ကာကွယ်ဆေးထိုးနှံခဲ့သူများအတွက်သာဖြစ်ပြီး အသစ်ထပ်မံထိုးနှံပေးခြင်းမဟုတ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း၊ စိုင်းအောင်မိုးဝင်း
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~