အစိုးရအဖွဲ့နှင့်ဌာနများတွင် ဇွန်လ (၁)ရက်နေ့မှစ၍ ဝန်ထမ်းအင်အားအပြည့်အဝဖြင့် လုပ်ငန်းလည်ပတ်ရမည်

အစိုးရအဖွဲ့နှင့်ဌာနများတွင် ဇွန်လ (၁)ရက်နေ့မှစ၍ ဝန်ထမ်းအင်အားအပြည့်အဝဖြင့် လုပ်ငန်းလည်ပတ်ရမည်
မေ 31, 2020
By Tachileik News Agency

အစိုးရအဖွဲ့နှင့် ဌာနများတွင် ဇွန်လ (၁)ရက်နေ့မှစ၍ ဝန်ထမ်းအင်အား အပြည့်အဝဖြင့် လုပ်ငန်းလည်ပတ်ရမည်

COVID 19 ရောဂါကာကွယ်ရေးအတွက် ဝန်ထမ်းအင်အား တစ်ဝက်ဖြင့် ဆောင်ရွက်နေသည့်  အစိုးရအဖွဲ့အစည်းများ၊  ဌာနဆိုင်ရာများ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှစ၍ ဝန်ထမ်းအင်အားပြည့်ဖြင့် လုပ်ငန်းဆောင်ရွက်ကြရန် ညွှန်ကြားထားပြီဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များတွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရုံး/ဌာနများ၏ ရုံးချိန်အတွင်း ရုံးလုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် လက်ရှိ ဝန်ထမ်းအင်အား၏ ထက်ဝက်ကိုသာ တာဝန်ထမ်းဆောင်စေရန် ညွှန်ကြားထားခဲ့ခြင်းဖြစ်သည်။

ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာ နေထိုင်စေပြီး ပြန်လည်တာဝန်ထမ်းဆောင်စေရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက အကြောင်းကြားထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~