ကျောက်မဲတွင် Facility Quarantine ထားရှိရမည့်သူ နည်းလာ၍ နေရာ (၄)ခုခွဲထားရာမှ တစ်နေရာထဲသို့ စုစည်းထားရှိ

ကျောက်မဲတွင် Facility Quarantine ထားရှိရမည့်သူ နည်းလာ၍ နေရာ (၄)ခုခွဲထားရာမှ တစ်နေရာထဲသို့ စုစည်းထားရှိ
မေ 16, 2020
By Tachileik News Agency
ကျောက်မဲတွင် Facility Quarantine ထားရှိရမည့်သူ နည်းလာ၍ နေရာ (၄)ခုခွဲထားရာမှ တစ်နေရာထဲသို့ စုစည်းထားရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် Facility Quarantine ထားရှိရမည့်သူ နည်းလာသဖြင့် ယခင်က နေရာ (၄) ခွဲထားရာမှ ၂၀၂၀ ခုနှစ်၊ မေလ (၁၆) ရက်နေ့ ညနေမှစ၍ တစ်နေရာထဲတွင် စုစည်းထားရှိလိုက်ပြီဖြစ်ကြောင်း ကျောက်မဲခရိုင်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနထံမှ သိရသည်။

နေရာ (၃) ခုလုံးမှာ စုစုပေါင်းအရေအတွက် နည်းသွားတဲ့အတွက် တစ်နေရာထဲမှာ စုထားလိုက်တာ ဖြစ်ပါတယ်။ ဒီနေ့အထိ Facility Quarantine အားလုံး စုစုပေါင်း (၄၀) ကျော်ပဲ ရှိပါတော့တယ်

ဟု ကျောက်မဲ ခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ  ဒုတိယခရိုင်ဦးစီးမှူး ဒေါက်တာနန်းရီလှိုင်ဦးက တာချီလိတ် သတင် အေဂျင်စီသို့ ပြောသည်။

ကျောက်မဲ မြို့ပေါ်တွင် ပြည်ပမှပြန်ဝင်လာသူများအား Facility Quarantine ထားရှိသည့်နေရာ (၄)ခုစီစဉ်ပြီး ခွဲထားရာမှ လူဦးရေနည်းသွားပြီဖြစ်၍ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတစ်ခုတည်းတွင် စုစည်း ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ စောင့်ကြည့်လူနာ (၂)ဦးနှင့်  Facility Quarantine မှ (၁၀) ဦး စုစုပေါင်း (၁၂)ဦး၏ ဓါတ်ခွဲနမူနာများကို မေလ (၁၆)ရက်နေ့က ရန်ကုန်သို့ပေးပို့ထားကြောင်း သိရသည်။

 Tachileik News Agency
သတင်း -  နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~