မိုင်းဖြတ်မြို့နယ်အတွင်း မိမိကိုယ်ကို COVID-19 သံသယရှိသူများ နှင့် ဖျားနာ၊ ချောင်းဆိုး၊ လည်ချောင်းနာသူများ မိုင်းဖြတ်ဆေးရုံရှိ Fever Clinic တွင် မေလ(၁၂)ရက်နေ့က စ၍ အခမဲ့ လာရောက် စစ်ဆေး ကုသနိုင်

မိုင်းဖြတ်မြို့နယ်အတွင်း မိမိကိုယ်ကို COVID-19 သံသယရှိသူများ နှင့် ဖျားနာ၊ ချောင်းဆိုး၊ လည်ချောင်းနာသူများ မိုင်းဖြတ်ဆေးရုံရှိ Fever Clinic တွင် မေလ(၁၂)ရက်နေ့က စ၍ အခမဲ့ လာရောက် စစ်ဆေး ကုသနိုင်
မေ 11, 2020
By Tachileik News Agency
မိုင်းဖြတ်မြို့နယ်အတွင်း  COVID-19 သံသယရှိ နေသူများ နှင့် ဖျားနာ၊ ချောင်းဆိုး၊ လည်ချောင်းနာသူများ မိုင်းဖြတ်ဆေးရုံရှိ Fever Clinic တွင် မေလ(၁၂)ရက်နေ့က စ၍ အခမဲ့ လာရောက် စစ်ဆေး ကုသနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် မိမိကိုယ်ကို COVID-19 သံသယရှိသူများ နှင့် ဖျားနာသူများ အနေဖြင့် အခမဲ့ ကျန်းမာရေးစစ်ဆေး ကုသမှုခံနိုင်ရန်အတွက် မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံအတွင်း၌ Fever Clinic အား ဖွင့်လှစ်ထားရှိပြီး ၂၀၂၀ခုနှစ် မေလ(၁၂)ရက်နေ့က စ၍ လာရောက် ပြသနိုင်မည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံအတွင်း၌ ဖွင့်လှစ်ထားရှိသည့် Fever Clinic တွင် မေလ(၁၂)ရက်နေ့က စတင်ကာ တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ ဖျားနာသူများ နှင့် ချောင်းဆိုး၊ လည်ချောင်းနာသူများ မည်သူမဆို လာရောက်၍ အခမဲ့ စမ်းသပ်ကုသမှု ခံယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

နေ့စဉ် ဖွင့်မှာပါ၊ စနေ တနင်္ဂနွေပဲ နားပါမယ်၊ လိုအပ်တဲ့ ဆေးဝါးတွေတော့ ပြည့်စုံမယ်လို့ ထင်ပါတယ်ဗျ၊ ကျွန်တော်တို့ ရထားတဲ့ အလှူငွေလေးတွေနဲ့ လိုအပ်တဲ့ ဆေးဝါးတွေကိုတော့  ဝယ်ပြီး ဖြည့်ဆည်းထားပါတယ်။ ကျွန်တော်တို့ အခမဲ့ ကုပေးမှာပါ

ဟု မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မျိုးဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 Fever Clinic  သို့ မည်သူမဆို လာရောက်၍ အခမဲ့ ကုသမှု ခံယူနိုင်သလို  Fever Clinic  အတွက်နေ့စဉ် အသုံးပြုနေရသည့် ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများဖြစ်သည့် surgical Gown  နှင့် N-95maskများကိုလည်း စေတနာရှင်များအနေဖြင့် လှူဒါန်းလိုပါက မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံတွင် လာရောက်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

တာချီလိတ်မြို့တွင်  ချောင်းဆိုး၊ လည်ပင်းနာပြီး ဖျားနာသူများနှင့် COVID 19 သံသယရှိသူများ အခမဲ့ပြသနိုင်မည့်  Fever Clinic ကို ပြည်သူ့ဆေးရုံဟောင်းတွင်၂၀၂၀ ခုနှစ်၊ မေလ (၁)ရက်နေ့မှစ၍  ဖွင့်လှစ်ထားပြီဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - မိုင်းဖြတ်ဆေးရုံ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~