ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယန်းမြို့တို့မှ ဓါတ်ခွဲနမူနာ(၃၅)ခုတွင် မေလ(၉)ရက်နေ့ စစ်ဆေးချက်အရ covid-19 ပိုးမတွေ့

ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယန်းမြို့တို့မှ ဓါတ်ခွဲနမူနာ(၃၅)ခုတွင် မေလ(၉)ရက်နေ့ စစ်ဆေးချက်အရ covid-19 ပိုးမတွေ့
မေ 10, 2020
By Tachileik News Agency

ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယန်းမြို့တို့မှ ဓါတ်ခွဲနမူနာ(၃၅)ခုတွင် မေလ(၉)ရက်နေ့ စစ်ဆေးချက်အရ covid-19 ပိုးမတွေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယန်းတို့မှ ဓါတ်ခွဲနမူနာပို့စစ်ထားသူ (၃၅)ဦးတွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ မေလ (၉)ရက်နေ့၏  ဓါတ်ခွဲအဖြေရရှိသည်။

ကျိုင်းတုံမြို့တွင် တာချီလိတ်မှ အတည်ပြုလူနာ (Case 112) ဖြင့် ထိတွေ့မှုရှိ၍ အသွားအလာကန့်သတ်ထားသူ (၂၈)ဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့်လူနာ (၃)ဦးနှင့် ကုသမှုခံယူနေသည့် အတည်ပြုလူနာ (၁)ဦးတို့၌ ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရခဲ့ခြင်းဖြစ်သည်။

မိုင်းဆတ်မြို့မှ ဓါတ်ခွဲနမူနာပို့စစ်ထားသူ (၁)ဦး၊ မိုင်းယန်းရှိ မိုင်းလွေ Facilities  Quarantine မှ ရက်ပြည့်ခါနီး ဓါတ်ခွဲနမူနာ ပို့စစ်ထားသူ (၂)ဦးတို့တွင်လည်း ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရရှိထားသည်။

ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယန်းမြို့များမှ COVID 19 ဓါတ်ခွဲနမူနာများကို ၂၀၂၀ ခုနှစ်၊ မေလ (၈)ရက်နေ့၌ ရန်ကုန်မြို့ရှိ ဓါတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ ခုနှစ်၊ မေလ (၉) ရက်နေ့ ညပိုင်းအထိ အတည်ပြုလူနာ စုစုပေါင်း (၁၇၈) ဦးရှိပြီဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~