မိုင်းဆတ် - တာချီလိတ်လမ်းတွင် မူးယစ်ဆေးသယ်သူအား ပစ်ခတ်ဖမ်းဆီးမှု အပါအဝင် တစ်နေ့အတွင်း ဖမ်းဆီးမှု (၂)ခုမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၂)သိန်းကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မိုင်းဆတ် - တာချီလိတ်လမ်းတွင် မူးယစ်ဆေးသယ်သူအား ပစ်ခတ်ဖမ်းဆီးမှု အပါအဝင် တစ်နေ့အတွင်း ဖမ်းဆီးမှု (၂)ခုမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၂)သိန်းကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ
မေ 31, 2020
By Tachileik News Agency

မိုင်းဆတ် - တာချီလိတ်လမ်းတွင် မူးယစ်ဆေးသယ်သူအား ပစ်ခတ်ဖမ်းဆီးမှု အပါအဝင် တစ်နေ့အတွင်း ဖမ်းဆီးမှု (၂)ခုမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၂)သိန်းကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ် - တာချီလိတ်ကားလမ်းတွင် ၂၀၂၀ ခုနှစ်၊ မေလ (၃၀)ရက်နေ့က မော်တော်ယာဉ်ဖြင့် မူးယစ်ဆေးသယ်ဆောင်လာသူအား ပစ်ခတ်ဖမ်းဆီးမှုနှင့် ဆိုင်ကယ်ဖြင့် မူးယစ်ဆေးသယ်လာသူအား ဖမ်းဆီးမှုနှစ်ခုအတွင်းမှ Y1 တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား (၃၂)သိန်းပြား ဖမ်းမိပြီး သယ်ဆောင်လာသူများ လွတ်မြောက်သွားကြောင်း သိရသည်။

ဂျူးလုကျေးရွာနှင့် ပါဘော ကျေးရွာကြား၌ မေ ၃၀ ရက်က ကျပ်သိန်း(၃၂,၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိပြီး ယာဉ်မောင်း မှာ သေနတ်ထိမှန်လွှတ်မြောက်သွားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ ဒုရဲမှူးမျိုးခိုင်နှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မေလ(၃၀) ရက် နံနက်(၁၁)နာရီခွဲက မိုင်းဆတ်-တာချီလိတ်ကားလမ်း ဂျူးလုကျေးရွာနှင့် ပါဘောကျေးရွာကြားတွင် ရှောင်တခင်ပိတ်ဆို့ စစ်ဆေးနေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ အမျိုးသားတစ်ဦးမောင်းနှင်လာသော ယာဉ်အမှတ်၊ SHN-7L/ - - - - ၊TOYOTA REVO အဖြူရောင်ယာဉ်သည် စစ်ဆေးရေးအဖွဲ့နှင့် ကိုက်(၁၀၀)ခန့်အကွာမှနေ၍ နောက်ပြန် လှည့်မောင်းပြေးသွားကြောင်း သိရသည်။

ထွက်ပြေးသွားသည့် ယာဉ်ကို ပိတ်ဆို့ရေးတာဝန်ကျရဲတပ်ဖွဲ့ဝင်က M-22 သေနတ်ဖြင့် (၁၄)ချက်ခန့် သတိပေး တားဆီးပစ်ခတ်သော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဂျူးလုကျေးရွာနှင့် ၆၁၆ ကြား၌ မော်တော်ယာဉ်အားရပ်တန့်ထားခဲ့ပြီး ယာဉ်မောင်းမှာ လမ်းယာဘက်လျှိုအတွင်း ထွက်ပြေးသွားသဖြင့် လိုက်လံ ရှာဖွေရာ တွေ့ရှိခြင်းမရှိတော့ဘဲ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရပ်တန့်ခဲ့သောမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်တွင် သေနတ်ကျည်ထိမှန်ရာ (၁၁)ချက်နှင့် ယာဉ်မောင်းထိုင်ခုံအောက် ခြေနင်းနေရာတွင် တရားခံ၏သွေးများကျန်ရှိနေပြီး ယာဉ်နောက်ခန်းအတွင်း ရှိ အပြာရောင်ပီနံအိတ်(၁၅)အိတ်အား ဖွင့်ဖောက်စစ်ဆေးရာ Y1 တံဆိပ်ပါ ဖယောင်းစက္ကူဖြင့်ထုပ် ထားသော WY စာ တမ်းပါနီညိုရောင် စိတ်ကြွရူးသွပ် ဆေးပြား နှစ်သိန်းစီပါ ပီနံအိတ်(၁၅)အိတ်ကို သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းနေ့ နံနက်(၁၁)နာရီဝန်းကျင်ကလည်း မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်သည် စစ်ဆေးရေးအဖွဲ့နှင့် ကိုက်(၁၀၀)ခန့်အကွာ၌ ဆိုင်ကယ်အားလှဲချကာ ကားလမ်းယာ ဘက်လျှိုအတွင်း ထွက်ပြေးသွားသဖြင့် လဲကျနေသော ဆိုင်ကယ်အား သွားရောက်ရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ အဖြူ ရောင်ပီနံအိတ်အတွင်းမှ Y1 တံဆိပ်ပါ ဖယောင်းစက္ကူဖြင့်ထုပ်ထားသော WY စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ် ဆေးပြား(၂၀၀၀)ပြားစီပါ(၁၀၀)ထုပ်ကို သိမ်းဆည်းရမိထားကြောင်း သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြားများအား ဆိုင်ကယ်ဖြင့် တင်ဆောင်လာသူအား မိုင်းဆတ်မြို့မရဲစခန်းတွင် မယ(ပ)၁၅ / ၂၀၂၀၊  မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့်လည်းကောင်း၊ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသူကို မယ(ပ)၁၆/၂၀၂၀၊  မူး/ စိတ်ပုဒ်မ-၁၉(က)ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ -  သန်းဇော်(မိုင်းဆတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~