တာချီလိတ်ခရိုင်အတွင်း ညမထွက်ရအမိန့်၏ သတ်မှတ်ချိန် ပြောင်းလဲ

တာချီလိတ်ခရိုင်အတွင်း ညမထွက်ရအမိန့်၏ သတ်မှတ်ချိန် ပြောင်းလဲ
မေ 14, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း ညမထွက်ရအမိန့်၏ သတ်မှတ်ချိန်  ပြောင်းလဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ညမထွက်ရအမိန့်ကို ည (၁၀)နာရီမှ နံနက် (၄)နာရီအစား ည (၁၂)နာရီမှ နံနက် (၄) နာရီအထိသို့ ၂၀၂၀ ခုနှစ်၊ မေလ (၁၅)ရက်နေ့မှစ၍ ပြောင်းလဲသတ်မှတ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

“ညခင်းပိုင်းတွေမှာလည်း ပြည်သူလူထုတွေ အပြင်မထွက်ဖို့ကို ည (၁၀)နာရီကနေ မနက် (၄)နာရီကြားမှာ သတ်မှတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အခု တစ်နိုင်ငံလုံးမှာ ရောဂါကူးစက်မှုအခြေအနေက ကျန်းမာရေးဝန်ကြီးဌာနနဲ့ တခြားသက်ဆိုင်ရာဌာနများ ပူးပေါင်းပြီး ထိန်းချုပ်လာနိုင်တဲ့အတွက် ညမထွက်ရကို ည(၁၀)နာရီကနေ မနက် (၄)နာရီအထိအစား  ည (၁၂)နာရီကနေ မနက် (၄)နာရီအထိ မနက်ဖြန်ကစပြီး ပြောင်းလဲ သတ်မှတ်သွားမှာဖြစ်ပါတယ်။ ဒါကလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဖြစ်ပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁၄)ရက်နေ့တွင် ပြောသည်။

တာချီလိတ်ခရိုင်အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ညမထွက်ရအမိန့်များကို သက်ဆိုင်ရာဒေသအာဏာပိုင်များက ဒေသန္တရအမိန့်များ ထုတ်ပြန် ဆောင်ရွက်နေခြင်းဖြစ်ပြီး တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်မှာ ဧပြီလ (၂၀)ရက်နေ့မှ ၂၀၂၀ခုနှစ် ဇွန်လ (၂၂) ရက်နေ့အထိ သက်ဝင်မည်ဖြစ်သည်။

တာချီလိတ်မြို့နယ်တွင် ညမထွက်ရအမိန့်ချိုးဖေါက်သူများကို လှည့်ကင်းအဖွဲ့များဖြင့် စစ်ဆေးဖမ်းဆီးမိပါက ထောင်ဒဏ် (၃)လချမှတ်နေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~