ဒီးမော့ဆိုမြို့နယ်တွင် လမ်းအလုပ်သမားများနှင့် သောက်သုံးရေသယ်ယူလာသည့် မော်တော်ယဉ်တစ်စီးတိမ်းမှောက်၍ (၃)ဦး သေဆုံးပြီး (၉)ဦးဒဏ်ရာရ

ဒီးမော့ဆိုမြို့နယ်တွင် လမ်းအလုပ်သမားများနှင့် သောက်သုံးရေသယ်ယူလာသည့် မော်တော်ယဉ်တစ်စီးတိမ်းမှောက်၍ (၃)ဦး သေဆုံးပြီး (၉)ဦးဒဏ်ရာရ
မေ 21, 2020
By Tachileik News Agency

ကယားပြည်နယ် ဒီးမော့ဆို - ဒေါတမကြီးကားလမ်း၏ တောင်းအတက်လမ်းတွင် အလုပ်သမားများနှင့် ရေသယ်လာသည့် ယာဉ် တိမ်းမှောက်၍ (၃)ဦးသေဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ဒီးမော့ဆို - ဒေါတမကြီးကားလမ်း၏ တောင်းအတက်လမ်းတွင် အလုပ်သမားများ နှင့် သောက်သုံးရေ သယ်ယူလာသည့် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်၍ (၃)ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါလောခူကျေးရွာအနီးရှိ လမ်းတွင် ၂၀၂၀ခုနှစ် မေလ(၂၀)ရက်နေ့ ညပိုင်းက လမ်းလုပ်သား (၁၁)ဦး နှင့် သောက်သုံးရေဂေါလံ(၈၀၀) သယ်လာသည့် ယာဉ်မှာ တောင်ကုန်းအတွက်အား မတက်နိုင်တော့ဘဲ နောက်သို့ ပြန်လိမ့်ကျရာက တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

တိမ်းမှောက်ယာဉ်သည် တနီးလာလဲကျေးရွာရှိ ကုန်ခုနှစ်ဆင့်မှ သောက်သုံးရေဂါလံ (၈၀၀)သယ်ဆောင်လာခြင်း ဖြစ်ပြီး လုပ်သားများမှာ ရေချိုးရန် လိုက်ပါလာသည့် လမ်းလုပ်သားများဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် လမ်းခင်းလုပ်သားများ ဖြစ်သည့် အသက် (၃၀)နှစ်အရွယ် မအေးကြည်မြင့်၊အသက်(၂၃)နှစ်အရွယ် မသဲစုလှိုင် ၊ အသက်(၁၃)နှစ်အရွယ် မောင်အောင်ဇင်ဖြိုးတို့ (၃)ဦးမှာ ကားအောက်တွင် ပိမိ၍ ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း အပါအဝင် (၉) ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာများက ရောက်ရှိပြီးနောက် မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးအဖွဲ့ အပါအဝင် ငွေတောင်ပြည်နာရေးကူညီမှုအသင်း(ငွေတောင်)နှင့် ဖြူစင်မေတ္တာနာရေးကူညီမှုအသင်းတို့  ဆေးရုံသို့ ကူညီပို့ဆောင်ပေးကာ ရဲတပ်ဖွဲ့က ယာဉ်မောင်းဖြစ်သူ လှိုင်မင်းသူ ဆိုသူအား ဒီးမောဆိုမြို့မရဲစခန်းတွင် ယာဉ်(ပ၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ - ၃၃၂/၃၃၈/၃၀၄-က ဖြင့် အမူဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ငွေတောင်ပြည်နာရေးကူညီမှုအသင်း(ငွေတောင်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~