မိုင်းဆတ် - တာချီလိတ်လမ်းပေါ် လွိုင်ဆမ်ဆုံတောင်အဆင်းတွင် မြေသယ်ယာဉ်တစ်စီး လမ်းဘေးချောက်ထဲ ထိုးကျရာက (၁၀)ဦး သေဆုံး

မိုင်းဆတ် - တာချီလိတ်လမ်းပေါ် လွိုင်ဆမ်ဆုံတောင်အဆင်းတွင် မြေသယ်ယာဉ်တစ်စီး လမ်းဘေးချောက်ထဲ ထိုးကျရာက (၁၀)ဦး သေဆုံး
မေ 26, 2020
By Tachileik News Agency

မိုင်းဆတ် - တာချီလိတ်လမ်းပေါ် လွိုင်ဆမ်ဆုံတောင်အဆင်းတွင် မြေသယ်ယာဉ်တစ်စီး လမ်းဘေးချောက်ထဲ ထိုးကျရာက (၁၀)ဦး သေဆုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်အတွင်း မိုင်းဆတ် - တာချီလိတ်လမ်းရှိ ပါခါးကျေးရွာအနီး လွယ်ဆမ်ဆုံတောင်အဆင်းတွင် လမ်းလုပ်သား (၁၉)ဦးကို တင်ဆောင်လာသည့် တစ်လုံးထိုး မြေသယ်ယာဉ်တစ်စီး ၂၀၂၀ ခုနှစ်၊ မေလ (၂၆)ရက်နေ့ နံနက်ပိုင်းက လမ်းဘေးထိုးကျ တိမ်းမှောက်၍ (၁၀)ဦး သေဆုံးသွားသည်။

 မြေသယ်ယာဉ်သည် တောင်အဆင်း မိုင်တိုင်အမှတ် (၃၀.၅) ကီလိုမီတာနှင့် (၃၁) ကီလိုမီတာကြား ပါခါးကျေးရွာအနီးတွင် ဂီယာချို့ယွင်းပြီး လမ်းဘေး ပေ (၂၀၀)ခန့် ချောက်ထဲ ထိုးကျသွားခဲ့ရာ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၆)ဦး နေရာတွင် သေဆုံးသွားကာ အမျိုးသမီး (၁) ဦးမှာလည်း ဆေးရုံအရောက် ထပ်မံသေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသွားသည့် အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၃)ဦးတို့မှာ မိုင်းဆတ်ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် မိုင်းဆတ်မြို့နယ်၊ နောင်ဖာကျေးရွာမှ အသက် (၁၄)နှစ်အရွယ် မောင်ဇော်လင်းဦး၊ အသက် (၁၄)နှစ်အရွယ် မောင်ငတူး၊ အသက် (၂၆)နှစ်အရွယ် မဇင်မျိုးထွန်း၊ အသက် (၂၉)နှစ်အရွယ် မငယ်(ခ)မခင်ဖြိုးဝေ၊ အသက် (၄၃)နှစ်အရွယ် မငယ်ကြီး၊ အသက် (၄၃)နှစ်အရွယ် မဘုတ်ကြီး၊ ကာန ကျေးရွာမှ  အသက် (၄၃)နှစ်အရွယ် မလေးလေးမြင့်၊ အသက် (၃၁)နှစ်အရွယ် မစန်းထွေး၊ သာစည်မြို့နယ်မှ အသက် (၂၆)နှစ်အရွယ် မမွန်မွန်အေးနှင့် မြစ်ကြီးနားမြို့မှ အသက် (၃၈)နှစ်အရွယ် မောင်မျိုးကျော်လွင်တို့ (၁၀)ဦးသေဆုံးခဲ့သည်။

ကျန် ဒဏ်ရာရသူ (၉)ဦးမှာ အသက် (၁၅)နှစ်မှ အသက် (၂၆)နှစ်အရွယ်များဖြစ်ကြသည်။

ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ အသက် (၂၆)နှစ်အရွယ် ဇေယျာဦးကို  မိုင်းတွမ်းနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း -သန်းဇော်(မိုင်းဆတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~