မကွေးတိုင်းမှ COVID 19 အတည်ပြုလူနာ ပြန်လည်ဓါတ်ခွဲစစ်ဆေးသည့် (၂)ကြိမ်လုံးတွင် ပိုးမတွေ့

မကွေးတိုင်းမှ COVID 19 အတည်ပြုလူနာ ပြန်လည်ဓါတ်ခွဲစစ်ဆေးသည့် (၂)ကြိမ်လုံးတွင် ပိုးမတွေ့
မေ 2, 2020
By 🌸
မကွေးတိုင်းမှ COVID 19 အတည်ပြုလူနာ ပြန်လည်ဓါတ်ခွဲစစ်ဆေးသည့် (၂)ကြိမ်လုံးတွင် ပိုးမတွေ့

မကွေးတိုင်းဆေးရုံတွင် ကုသမှုခံယူနေသည့် COVID 19 လူနာမှာ ကုသမှုခံယူပြီး ပြန်လည်ဓါတ်ခွဲစစ်ဆေးသည့် (၂)ကြိမ်လုံးတွင် ပိုးမတွေ့ရကြောင်း အဖြေထွက်သဖြင့် မကြာမီဆေးရုံဆင်းခွင့်ရတော့မည်ဖြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ မေလ (၂)ရက်နေ့က သိရသည်။

“သူ့ကို ပိုးတွေ့အတည်ပြုလူနာလို့ သတ်မှတ်ခဲ့ပြီး နောက် ဒုတိအကြိမ်ပြန်စစ်ခဲ့တော့လည်း Negative ဖြစ်ပြီး အခု တတိယအကြိမ်မြောက် စစ်တော့လည်း Negative ပဲ အဖြေထွက်လို့ တစ်ရက်၊ နှစ်ရက် လောက် ဆို ဆေးရုံကဆင်းခွင့်ပေးတော့မှာပါ။ မြို့သစ် Facality Quarantine  မှာ တစ်ပတ်၊ Home Quarantine တစ်ပတ် ဆက်လက်ထားရှိပြီးရင်တော့ ပုံမှန်အတိုင်းနေခွင့်ရသွားတော့မှာပါ”

ဟု မကွေးတိုင်း ဆေးရုံအုပ် ကြီး ဒေါက်တာမြတ်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ (၂)ရက်နေ့တွင် ပြောသည်။

အဆိုပါလူနာမှာ မြို့သစ်မြို့ အထက(၁)ရှိ Facality Quarantine ၌ ထားရှိစဉ် COVID 19 ပိုးတွေ့ရသဖြင့် မကွေးတိုင်းဆေးရုံတွင် ကုသပေးနေခဲ့ခြင်းဖြစ်ပြီး  ၎င်းနှင့်အတူ ထိုင်းနိုင်ငံ ၊ မြဝတီ ဝင်ပေါက်မှ ပြန်လာပြီး Facility Quarantine ဝင်နေသူ (၂၄)ဦး ကိုလည်း  ဓာတ်ခွဲနမူနာများပေးပို့စစ်ဆေးခဲ့ရာ ပိုးမတွေ့ရကြောင်း အဖြေထွက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မေလ (၂)ရက်နေ့ နံနက်ပိုင်းအထိ COVID 19 အတည်ပြုလူနာ (၁၅၁)ဦးရှိသည့်အနက် မကွေးတိုင်းတွင် လူနာ (၁)ဦးရှိနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ - ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~