ကျိုင်းတုံဆေးရုံတွင် ကုသမှုခံယူနေသည့် တာချီလိတ်မြို့၏ ပထမဆုံး covid-19 အတည်ပြုလူနာ (Case 96) ဆေးရုံဆင်းပြီ

ကျိုင်းတုံဆေးရုံတွင် ကုသမှုခံယူနေသည့် တာချီလိတ်မြို့၏ ပထမဆုံး covid-19 အတည်ပြုလူနာ (Case 96) ဆေးရုံဆင်းပြီ
မေ 20, 2020
By Tachileik News Agency

ကျိုင်းတုံဆေးရုံတွင် ကုသမှုခံယူနေသည့် တာချီလိတ်မြို့၏ ပထမဆုံး covid-19 အတည်ပြုလူနာ (Case 96) ဆေးရုံဆင်းပြီ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် COVID 19 အတည်ပြုလူနာ (၃)ဦးအနက် ပြန်လည်ဓါတ်ခွဲစစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရတော့သည့် အတည်ပြုလူနာ (Case 96) ကို ၂၀၂၀ ခုနှစ်၊ မေလ (၂၀) ရက်နေ့၌ ဆေးရုံဆင်းခွင့်ပေးလိုက်ပြီဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၏ ဒုတိယမြောက် အတည်ပြုလူနာဖြစ်ပြီး တာချီလိတ်မြို့၏ ပထမဆုံးလူနာဖြစ်သည့် Case 96 ဆရာဝန်အမျိုးသားသည် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့က ကျိုင်းတုံပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှုခံယူခဲ့ပြီးနောက် မေလ (၂)ရက်နေ့နှင့် မေလ (၅)ရက်နေ့  ပြန်လည်ဓါတ်ခွဲစစ်ဆေးမှုများတွင် ပိုးမတွေ့ရတော့သဖြင့် သီးသန့်ခန်းတွင် ပြောင်းရွှေ့ထားရှိကာ မေလ (၂၀)ရက်နေ့၌ ဆေးရုံဆင်းပေးလိုက်ခြင်းဖြစ်သည်။

ကျိုင်းတုံပြည်သူ့ဆေးရုံတွင် လက်ရှိအချိန်ထိ ကုသမှုခံယူနေဆဲဖြစ်သည့် ကျန်လူနာ(၂)ဦးအနက် Case (64) မှာ (၃)ကြိမ်မြောက် ဓါတ်ခွဲစစ်ဆေးစဉ်က ပိုးမတွေ့ကြောင်း အဖြေရပြီးနောက် (၄)ကြိမ်မြောက်၊ (၅)ကြိမ်မြောက်နှင့် (၆)ကြိမ်မြောက် စစ်ဆေးမှုများတွင် ပိုးပြန်တွေ့ထားရကာ Case 112 မှာ (၃)ကြိမ်မြောက် ဓါတ်ခွဲစစ်ဆေးစဉ်က ပိုးမတွေ့ရဘဲ (၄)ကြိမ်မြောက်တွင် ပိုးပြန်တွေ့ရပြီး (၅)ကြိမ်မြောက်တွင် ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရထားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျိုင်းတုံဆေးရုံ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~