တာချီလိတ်၏ ဒုတိယမြောက် အတည်ပြုလူနာ သူနာပြု၏ တတိယအကြိမ် ပြန်လည်စစ်ဆေးမှုတွင် COVID-19 ပိုးမတွေ့

တာချီလိတ်၏ ဒုတိယမြောက် အတည်ပြုလူနာ သူနာပြု၏ တတိယအကြိမ် ပြန်လည်စစ်ဆေးမှုတွင် COVID-19 ပိုးမတွေ့
မေ 10, 2020
By Tachileik News Agency
တာချီလိတ်၏ ဒုတိယမြောက် အတည်ပြုလူနာ သူနာပြု၏ တတိယအကြိမ် ပြန်လည်စစ်ဆေးမှုတွင် COVID-19 ပိုးမတွေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် အတည်ပြုလူနာ (၃)ဦးအနက် Case 112 သူနာပြုမှာ ၂၀၂၀ ခုနှစ်၊ မေလ (၉) ရက်နေ့တွင် ပြန်လည်ဓါတ်ခွဲစစ်ဆေးမှု၌ ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေ ရရှိထားသည်။

 Case 112 ကို ဓါတ်ခွဲစစ်ဆေးမှု (၃)ကြိမ်မြောက်မှာ Negative ထွက်လာတယ်။ နောက်ထပ် (၄၈)နာရီအကြာမှာ နောက်တစ်ကြိမ် ဓါတ်ခွဲနမူနာပြန်ယူပါမယ်

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသပေးနေသည့် အတည်ပြုလူနာ (၃) ဦးအနက် တာချီလိတ်မှ အတည်ပြုလူနာ (Case 96) မှာ နှစ်ကြိမ်ဆက်တိုက် စစ်ဆေးမှုအတွင်း ပိုးမတွေ့ရကြောင်း အဖြေရ၍ မေလ (၅)ရက်နေ့မှစ၍  ဆေးရုံတွင် (၁၄)ရက်စောင့်ကြည့်မှုပြုလုပ်နေပြီဖြစ်ပြီး တာချီလိတ်မှ အတည်ပြုလူနာ (Case 112)မှာ ပထမဆုံးအကြိမ် ပိုးမတွေ့ရကြောင်းအဖြေရထားကာ မိုင်းဖြတ်မှ အတည်ပြုလူနာ (Case 64)မှာ ပိုးမတွေ့ရကြောင်း အဖြေရပြီး ဒုတိယအကြိမ်တွင် ပိုးပြန်တွေ့ရကြောင်း ဓါတ်ခွဲအဖြေရထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း မေလ (၈)ရက်နေ့အထိ ကုသမှုခံယူနေဆဲ အတည်ပြုလူနာ (၅)ဦးရှိပြီး တစ်ဦးမှာ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင်လည်းကောင်း၊ တစ်ဦးမှာ မူဆယ်ပြည်သူ့ဆေးရုံတွင်လည်းကောင်း၊ သုံးဦးမှာ ကျိုင်းတုံပြည်သူ့ဆေးရုံတွင်လည်းကောင်း ကုသမှုခံယူနေကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~