တာချီလိတ်မြို့နယ် အတွင်းရှိ ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ တပ်မတော်က COVID-19 ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့လှူဒါန်း

တာချီလိတ်မြို့နယ် အတွင်းရှိ ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ တပ်မတော်က COVID-19 ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့လှူဒါန်း
မေ 23, 2020
By Tachileik News Agency
 

တာချီလိတ်မြို့နယ် အတွင်းရှိ ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ တပ်မတော်က COVID-19 ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့လှူဒါန်း

တပ်မတော်မှ လှူဒါန်းသည့် COVID-19 ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို တာချီလိတ်မြို့နယ်အတွင်းရှိ ခရိုင်အဆင့်ဆေးရုံ အပါအဝင် ဆေးရုံများသို့ ၂၀၂၀ခုနှစ် မေလ(၂၃)ရက်နေ့တွင် တပ်နယ်က လိုက်လံလှူုဒါန်းပေးထားကြောင်း သိရသည်။

COVID-19 ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများဖြစ်သည့်   Face Sheildများ၊ ဆိုဒီယမ်ဟိုက်ပိုကလိုရိုဒ်ဆေးရည်( Sodium Hypo-Chlouide )များ၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း(Surgical Mask)၊ ခွဲစိတ်ခန်းသုံးခေါင်းစွပ်( OT Cap ) တို့အား တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံသို့ (၄)ကြိမ်မြောက်အဖြစ်လည်းကောင်း၊ တာချီလိတ်မြို့နယ်တွင်းရှိ တိုက်နယ်ဆေးရုံများတွင် (၃)ကြိမ်မြောက်အဖြစ် လည်းကောင်း၊ ကျေးလက် နှင့် ကျေးလက်ခွဲ ကျန်းမာရေးဌာနများတွင် (၂)ကြိမ်မြောက်အဖြစ် လည်းကောင်း အသီးသီး လှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သော်ဇင်ဦး ဦးစီးသည့် တပ်နယ်အရာရှိများ နှင့် ဆေးအဖွဲ့များမှ ဆေးရုံနှင့် ကျေးလက်များအရောက် လိုက်လံလှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တပ်နယ်မှ COVID-19 ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို တာချီလိတ်မြို့နယ်အတွင်းရှိ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအပါအဝင် တာလေ နှင့် ကျိုင်းလပ်မြို့ရှိ တိုက်နယ်ဆေးရုံများ အပြင် ကျေးရွာအုပ်စုများရှိ ကျေးလက်ကျန်းမာရေး နှင့် ကျေးလက်ခွဲကျန်းမာရေးဌာနများသို့ လှူဒါန်းပေးနေပြီး ဆက်လက်၍လည်း လှူဒါန်းပေးသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~