ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်သို့ ရောက်ရှိလာသူ မြန်မာနိုင်ငံသား (၇၀)ကျော်ကို covid-19 ပိုး ရှိ မရှိ ဓါတ်ခွဲစစ်ဆေးရန် တာချီလိတ်ရှိ မိုးကုတ်တရားရိပ်သာတွင် ရက်တို Quarantine ထားရှိ

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်သို့ ရောက်ရှိလာသူ မြန်မာနိုင်ငံသား (၇၀)ကျော်ကို covid-19 ပိုး ရှိ မရှိ ဓါတ်ခွဲစစ်ဆေးရန် တာချီလိတ်ရှိ မိုးကုတ်တရားရိပ်သာတွင် ရက်တို Quarantine ထားရှိ
မေ 29, 2020
By Tachileik News Agency
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်သို့ ရောက်ရှိလာသူ မြန်မာနိုင်ငံသား (၇၀)ကျော်ကို covid-19 ပိုး ရှိ မရှိ ဓါတ်ခွဲစစ်ဆေးရန်  တာချီလိတ်ရှိ မိုးကုတ်တရားရိပ်သာတွင် ရက်တို Quarantine ထားရှိ

ထိုင်း - မြန်မာနယ်စပ်ဒေသ မယ်ဆိုင် - တာချီလိတ် နယ်စပ်ပေါက်မှ တဆင့် နေရပ်ပြန်လိုသူ နှင့် ပြစ်ဒဏ်စေ့လွှဲပြောင်းလာသူများ အပါအဝင် စုစုပေါင်း (၇၆)ဦးကို covid-19 ပိုးစစ်ဆေးရန်အတွက် တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် ဖွင့်လှစ်ထားရှိသည့် Facility Quarantine Center ၌ ခေါ်ယူစောင့်ရှောက်ပေးထားသည်။

၂၀၂၀ခုနှစ် မေလ(၂၉)ရက်နေ့ နံနက်ပိုင်းက မယ်ဆိုင်ဘက်မှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာ နိုင်ငံသား (၂၈)ဦး လွှဲပြောင်းပေးလာရာ အမျိုးသား(၂၁)ဦး၊ အမျိုးသမီး (၅)ဦး နှင့် ကလေးငယ်(၂)ဦး ပါဝင်သည်။

နေရပ်ပြန်အဖြစ် စာရင်းပေးထားသည့် (၅၅)ဦးထဲက အမျိုးသား (၁၈)ဦး၊ အမျိုးသမီး(၂၀)ဦး နှင့် ကလေးငယ်(၁၀)ဦး စုစုပေါင်း (၄၈)ဦးလည်း ပါဝင်ရ တာချီလိတ်ရှိ မိုးကုတ်တရားရိပ်သာတွင် facility quarantine (၇၆)ဦးထားရှိခြင်း ဖြစ်သည်။

နေရပ်ပြန်များနှင့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို ယခင် ညွှန်ကြားချက်များတွင် နယ်စပ်ပေါက်မှ ဝင်ရောက်လာသူများကို မိမိတို့ နေရပ်ဒေသအသီးသီးသို့ ချက်ချင်း ပြန်နိုင်ရန် ကားများစီစဉ်ပေးကာ ပြန်ခိုင်းစေရန် ညွှန်ကြားထားသော်လည်း နောက်ဆုံး ညွှန်ကြားချက်တွင် လာအို နှင့် ထိုင်းနိုင်ငံတို့ဘက်မှ ဝင်ရောက်လာသူများကို covid1-9 ရောဂါပိုးရှိမရှိ ဓါတ်ခွဲစစ်ဆေးပြီးမှသာ နေရပ်ဒေသသို့ ပြန်ခိုင်းစေမည်ဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများမှ နေရပ်ပြန်ရန် စာရင်းမပေးရသေးသူများ ကျန်ရှိပါက  ဦးထွန်း(မယ်ဆိုင်) ထိုင်းဖုန်း 089-637-6367 နှင့် ဦးသန်းထွန်းအောင်(TBC) ဖုန်း 090-053-2430 သို့ နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၅)နာရီအတွင်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြကြောင်း သိရသည်။

  Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~