မိုင်းဆတ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အအုံ (၃၀)လုံး ပျက်စီး

မိုင်းဆတ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အအုံ (၃၀)လုံး ပျက်စီး
မေ 9, 2020
By Tachileik News Agency
မိုင်းဆတ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အအုံ (၃၀)လုံး ပျက်စီး 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာနှစ်ရွာမှ အိမ်ထောင်စု (၂၈) စု၏ နေအိမ်များ အပါအဝင် အဆောက်အအုံ စုစုပေါင်း (၃၀) လုံး ပျက်စီးသွားသည်။

 ၂၀၂၀ ခုနှစ်၊ မေလ (၈) ရက်နေ့ ည (၁၀) နာရီက  လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ်(၁)ကျေးရွာတွင် သွပ်မိုး၊ ထရံကာ နေအိမ် (၆)လုံး ၊ မယ်ကြုတ်(၂)ကျေးရွာတွင် သွပ်မိုး၊ ထရံကာနေအိမ် (၂၀)လုံး၊ သက်ကယ်မိုး၊ ထရံကာနေအိမ် (၂) လုံး၊ စာသင်ကျောင်း တစ်ကျောင်း၊ ကိုယ်ထူကိုယ်ထ မီးရရှိရေးရုံးတစ်ရုံး စုစုပေါင်း အဆောက်အအုံ(၃၀)လုံး ပျက်စီးသွားခြင်းဖြစ်သည်။

လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦများ ပျက်စီးဆုံးရှုံးသွားသော်လည်း လူနှင့် တိရစ္ဆာန်ထိခိုက် ပျက်စီးမှုမရှိကြောင်း သိရသည်။

လက်ရှိတွင် လေဘေးသင့်ပြည်သူများအား ဆွေမျိုးများနေအိမ်၌ ယာယီနေရာချထားပေးကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ -  မြင့်မောင်( မိုင်းဆတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~