တာချီလိတ်အပါအဝင် ရှမ်း(ရှေ့)မှ covid-19 ဓါတ်ခွဲနမူနာ(၅၈)ခုကို စစ်ဆေးရန်အတွက် မေလ(၈)ရက်နေ့တွင် ရန်ကုန်သို့ ပို့ဆောင်ထား

တာချီလိတ်အပါအဝင် ရှမ်း(ရှေ့)မှ covid-19 ဓါတ်ခွဲနမူနာ(၅၈)ခုကို စစ်ဆေးရန်အတွက် မေလ(၈)ရက်နေ့တွင် ရန်ကုန်သို့ ပို့ဆောင်ထား
မေ 8, 2020
By Tachileik News Agency
တာချီလိတ်အပါအဝင် ရှမ်း(ရှေ့)မှ covid-19 ဓါတ်ခွဲနမူနာ(၅၈)ခုကို စစ်ဆေးရန်အတွက် မေလ(၈)ရက်နေ့တွင် ရန်ကုန်သို့ ပို့ဆောင်ထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်၊ ကျိုင်းတုံနှင့် မိုင်းဆတ်မြို့များမှ (၅၈)ဦး၏ COVID 19 ဓါတ်ခွဲနမူနာများကို ၂၀၂၀ ခုနှစ်၊ မေလ (၈)ရက်နေ့၌ ရန်ကုန်မြို့ရှိ ဓါတ်ခွဲခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဒုတိယအကြိမ် ဓါတ်ခွဲနမူနာတွေကို မနေ့ကရယ်၊ ဒီနေ့ရယ် (၂)ရက်ယူထားတာရယ် PUI နဲ့ Facilities Quarantine တွေကို ဒီနေ့ပဲ လေယာဉ်နဲ့ ရန်ကုန်ကို ပို့ထားပါတယ်။ မနက်ဖြန်တော့ ဓါတ်ခွဲအဖြေ ထွက်လာနိုင်တယ်

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့မှ အတည်ပြုလူနာ (Case 112) နှင့်ထိတွေ့မှုရှိ၍ အသွားအလာကန့်သတ်ထားသည့် တာချီလိတ်မြို့မှ ကျန်းမာရေးဝန်ထမ်း (၁၉)ဦး၊ ကျိုင်းတုံမြို့မှ (၂၉)ဦး၊ မိုင်းဆတ်မြို့မှ (၁)ဦး၊ မိုင်းလွေမှ Quarantine ရက်ပြည့်ခါနီး (၂)ဦး၊ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ စောင့်ကြည့်သံသယလူနာ (၄)ဦးနှင့် ကျိုင်းတုံပြည်သူ့ဆေးရုံမှ စောင့်ကြည့်သံသယလူနာ (၃)ဦး စုစုပေါင်း (၅၈)ဦး၏ ဓါတ်ခွဲနမူနာများကို ပို့စစ်ထားခြင်းဖြစ်သည်။

ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အတည်ပြုလူနာ (၃)ဦးကို ကုသပေးနေရာ တာချီလိတ်မှ အတည်ပြုလူနာ (Case 96) မှာ နှစ်ကြိမ်ဆက်တိုက် စစ်ဆေးမှုအတွင်း ပိုးမတွေ့ရကြောင်း အဖြေရ၍ ဆေးရုံတွင် (၁၄)ရက်စောင့်ကြည့်မှုခံယူနေရပြီး တာချီလိတ်မှ အတည်ပြုလူနာ (Case 112) နှင့် မိုင်းဖြတ်မှ အတည်ပြုလူနာ (Case 64)တို့မှာ ကုသမှုခံယူနေဆဲဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~