တာချီလိတ် နှင့် မိုင်းဖြတ်မှ အတည်ပြုလူနာ (၂)ဦးတို့တွင် COVID-19 ပိုးတွေ့နေဆဲ

တာချီလိတ် နှင့် မိုင်းဖြတ်မှ အတည်ပြုလူနာ (၂)ဦးတို့တွင် COVID-19 ပိုးတွေ့နေဆဲ
မေ 13, 2020
By Tachileik News Agency
တာချီလိတ် နှင့် မိုင်းဖြတ်မှ အတည်ပြုလူနာ (၂)ဦးတွင် COVID-19 ပိုးတွေ့နေဆဲ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နှင့် ကျိုင်းတုံမှ စောင့်ကြည့်လူနာ (၄)ဦးတွင် COVID 19 ပိုးမတွေ့ရကြောင်းနှင့် ကုသမှုခံယူနေသည့် အတည်ပြု လူနာ (၂) ဦးတွင် ပိုးတွေ့ရကြောင်း ဓါတ်ခွဲအဖြေများကို ၂၀၂၀ ခုနှစ်၊ မေလ (၁၃) ရက်နေ့ နံနက်ပိုင်းက ရရှိထားကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် မေလ (၉)ရက်နေ့က သတ်မှတ်ကုသပေးနေသည့် အသက် (၂၅) နှစ်အရွယ် အမျိုးသား (၁) ဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကုသပေးနေသည့် အသက် (၁၆)နှစ်အရွယ် အမျိုးသမီး၊ အသက် (၂၁)နှစ်အရွယ် အမျိုးသမီးနှင့် အသက် (၅၉)နှစ်အရွယ် အမျိုးသားတို့၏ ဓါတ်ခွဲနမူနာများကို မေလ (၁၂)ရက်နေ့က ဓါတ်ခွဲခန်းပို့စစ်ခဲ့ရာ ပိုးမတွေ့ရကြောင်း ဓါတ်ခွဲရထားခြင်းဖြစ်သည်။

ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် လူနာ (၂)ဦးဖြစ်သည့် Case (64) ကို (၅)ကြိမ်မြောက်အဖြစ် ဓါတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းနှင့် Case (112) ကို (၄)ကြိမ်မြောက်အဖြစ် ဓါတ်ခွဲနမူနာ ရယူစစ်ဆေးရာတွင် နှစ်ဦးလုံး၌ ပိုးတွေ့ရဆဲဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အတည်ပြုလူနာ (၃)ဦးရှိခဲ့သည့်အနက် Case (96) မှာ ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေ (၂)ကြိမ်ရပြီးဖြစ်၍ မေလ (၅)ရက်နေ့ကတည်းက ဆေးရုံတွင် (၁၄)ရက် စောင့်ကြည့်မှုခံယူနေခြင်းဖြစ်သည်။

ကျန်လူနာ(၂)ဦးအနက် Case (64) မှာ (၃)ကြိမ်မြောက် ဓါတ်ခွဲစစ်ဆေးစဉ်က ပိုးမတွေ့ကြောင်း အဖြေရပြီးနောက် (၄)ကြိမ်မြောက်နှင့် (၅)ကြိမ်မြောက် စစ်ဆေးမှုတွင် ပိုးပြန်တွေ့ထားရကာ Case 112 မှာ (၃)ကြိမ်မြောက် ဓါတ်ခွဲစစ်ဆေးစဉ်က ပိုးမတွေ့ရဘဲ (၄)ကြိမ်မြောက်တွင် ပိုးပြန်တွေ့ရကြောင်း ဓါတ်ခွဲအဖြေရထားခြင်းဖြစ်သည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~