တာချီလိတ်တွင် ညမထွက်ရ အမိန့် အချိန်ပြောင်းလဲလိုက်ပြီးနောက် (၃)ဦး ထပ်ဖမ်းမိ၍ စုစုပေါင်း (၂၁)ဦးကို ထောင်ဒဏ် (၃)လစီ ချမှတ်ထား

တာချီလိတ်တွင် ညမထွက်ရ အမိန့် အချိန်ပြောင်းလဲလိုက်ပြီးနောက် (၃)ဦး ထပ်ဖမ်းမိ၍ စုစုပေါင်း (၂၁)ဦးကို ထောင်ဒဏ် (၃)လစီ ချမှတ်ထား
မေ 19, 2020
By Tachileik News Agency
တာချီလိတ်တွင် ညမထွက်ရ အမိန့် အချိန်ပြောင်းလဲလိုက်ပြီးနောက် (၃)ဦးထပ်ဖမ်းမိ၍ စုစုပေါင်း (၂၁)ဦးကို ထောင်ဒဏ် (၃)လစီ ချမှတ်ထား

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ချိုးဖေါက်သူ (၃)ဦးကို ၂၀၂၀ ခုနှစ်၊ မေလ (၁၈)ရက်နေ့ ညပိုင်းက ဖမ်းမိသဖြင့် ညမထွက်ရအမိန့်ချိုးဖေါက်၍ ထောင်ဒဏ် (၃)လစီ ပြစ်ဒဏ်ချမှတ်ခံရသူ အရေအတွက်မှာ မေလ (၁၉)ရက်နေ့အထိ စုစုပေါင်း (၂၁) ဦးရှိသွားပြီဖြစ်သည်။

မနေ့ညက (၃)ယောက်ထပ်ဖမ်းမိတယ်။ ဒီနေ့ အမိန့်ချမယ်။ ညမထွက်ရအမိန့်ချိုးဖေါက်သူ စုစုပေါင်း (၂၁)ဦး ရှိသွားပြီ

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁၉)ရက်နေ့တွင် ပြောသည်။

ညမထွက်ရအမိန့်ကို ယခင်က ည (၁၀) နာရီမှ နံနက် (၄) နာရီသတ်မှတ်ထားရာမှ မေလ (၁၅)ရက်နေ့မှစ၍ ည (၁၂)နာရီမှ နံနက် (၄) နာရီသို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြောင်းလဲသတ်မှတ်ထားခြင်းဖြစ်ပြီး တာချီလိတ်မြို့နယ်တွင် ညမထွက်ရတားမြစ်ထားသည့်အချိန်အတွင်း အပြင်ထွက်သွားလာနေသူများအား စစ်ဆေးဖမ်းဆီးခြင်းကို ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။

တာချီလိတ်ခရိုင်အပါအဝင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ညမထွက်ရအမိန့်များကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ဒေသန္တရအမိန့်များ ထုတ်ပြန် ဆောင်ရွက်နေခြင်းဖြစ်ပြီး တာချီလိတ်မြို့နယ်တွင် ညမထွက်ရ အမိန့်မှာ ဧပြီလ (၂၀)ရက်နေ့မှ ၂၀၂၀ခုနှစ် ဇွန်လ (၂၂) ရက်နေ့အထိ သက်ဝင်မည်ဖြစ်သည်။

တာချီလိတ်မြို့နယ်တွင် ညမထွက်ရအမိန့်ချိုးဖေါက်သူများကို လှည့်ကင်းအဖွဲ့များဖြင့် စစ်ဆေးဖမ်းဆီးမိပါက ထောင်ဒဏ် (၃)လချမှတ်နေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~